ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၁၊ ၂၀၂၅
မိုးဗြဲတွင် စစ်ကောင်စီစစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်နေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။
ရှမ်းတောင်၊ ကရင်နီ(ကယား)နယ်စပ် မိုးဗြဲတွင် စစ်ကောင်စီကစစ်ကြောင်းထိုးလာသောကြောင့် ကရင်နီတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများအဆက်မပြတ်ရမ်းသမ်းပစ်ခတ်နေသည်။
” ဒီရက်ပိုင်းတိုက်ပွဲ ပြင်းထန်နေတယ်၊ စစ်ကောင်စီက ဖယ်ခုံကနေမိုးဗြဲ ကိုစစ်ကြောင်းထိုးလာတာဖြစ်တယ်၊ အကယ်၍ သူတို့နေရာ၊တပ်ထဲမှာပဲနေရင် တိုက်ပွဲကတော့မဖြစ်ဘူး၊ အပြင်ထွက်ပြီးစစ်ကြောင်းထိုးလာရင်တော့ ထိတွေ့တိုက်ပွဲတွေဖြစ်တယ်၊ ပြီးတော့စစ်ကောင်စီက မိုးဗြဲ မြို့ နဲ့ အနီးအနားရွာတွေထဲကို လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေပါတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုများရှိနိုင်သော်လည်း အတိအကျအတည်မပြုနိုင်သေးကြောင်း ၎င်း ကဆက်ပြောသည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ ကို ပြည်လည်ထိန်းချုပ်နိုင်ရန်ကြိုးစားနေပြီး အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးနေကာ၊ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများလည်း အဆက်မပြတ်ပြုလုပ်နေကြောင်းသိရသည်။
PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မိုးဗွဲ
#စစ်ကောင်စီစစ်ကြောင်းထိုးလာ
#တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေ
#လက်နက်ကြီးများအဆက်မပြတ်ရမ်းသမ်းပစ်ခတ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။