ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၁၊ ၂၀၂၅

နိုင်ငံဖြတ်ကျော် မှုခင်းများကို ထိရောက်စွာ တိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်သော လမ်းကြောင်းများကို တည်ထောင်သွားရန် ဖယ်ဒရယ်ဒီမိုကရေစီ အင်အားစုများက အရေးတကြီးတောင်းဆိုကြောင်း ဇန်နဝါရီ(၂၀)ရက်တွင်ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြည်တွင်းစစ် ပဠိပက္ခများအပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှု၊ အလွဲသုံးစားလုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ဆိုက်ဘာ လိမ်လည်မှုများမှာ သိသိသာသာ များပြားလာကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်အစိုးအဆက်ဆက်၏ တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တာဝန်ခံမှုမရှိခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအပြင် တရားမဝင် ကျူးလွန်လုပ်ဆောင်ခြင်းများက ဆယ်စုနှစ်များစွာ အမြစ်တွယ်နေကြောင်း ဖော်ပြထားသည်။

အဆိုပါ မှုခင်းများကို တိုက်ဖျက်ရန် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှ၊ လားအိုနှင့် ထိုင်းနိုင်ငံတို့ကို အရေးတကြီး တောင်းဆိုထားကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်းမှာ ရှိသည့် ကျယ်ပြန့်သောနေရာ အသီးသီးကို ထိန်းချုပ်ထားသော တော်လှန်ရေး ဖယ်ဒရယ်ဒီမိုကရေစီ မိတ်ဖက်အင်အားစုများ အနေဖြင့် နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံရေးမှာ လည်းကောင်း၊ အာဆီယံ ဒေသတွင်းနှင့် ကုလသမဂ္ဂ၏ အေဂျင်စီများမှ လည်းကောင်း နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့် ရှိကြောင်း ဖော်ပြထားသည်။

ထိုမှသာ ဆိုက်ဘာ ရာဇဝတ်မှုနှင့် လူသားအပေါ်အမြတ်ထုတ်ခြင်း ဆိုင်ရာ ရာဇဝတ်မှုများကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး တရားမျှတမှုနှင့် တည်ငြိမ်အေးချမ်းသော အုပ်ချုပ်ရေးပြန်လည် ထူးထောင်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဖယ်ဒရယ်ဒီမိုကရေစီ အင်အားစုများ ဖြစ်ကြသော NUG( အမျိုးသားညီညွတ်ရေး အစိုးရ)၊ KNPP (ကရင်နီအမျိုးသား တိုးတက်ရေးပါတီ)၊ KNU (ကရင်အမျိုးသား အစည်းအရုံး)၊ CNF (ချင်းအမျိုးသား တပ်ဦး)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး)၊ NMSP-AD( မွန်ပြည်သစ် ပါတီ-စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး)၊ WLB (အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံရှိ အခြားအဖွဲ့အစည်းများက တောင်းဆိုထားသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#နိုင်ငံဖြတ်ကျော်မှုခင်း
#မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများ
#သတင်းအချက်အလက်