ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၁၊ ၂၀၂၅
ယာယီနေရပ်စွန့်ခွာနေကြရသည့်စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စီစဉ်ဆောင်ရွက်နေကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေး အန္တရာယ်ကျရောက်မှုတွင်ပါဝင်သည့် တိုက်ခိုက်မယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရှမ်းပြည်နယ် တောင်ပိုင်း နှင့် မြောက်ပိုင်း တို့တွင် စစ်ဘေးရှောင် နေရပ်စွန့်ခွာ ပြည်သူ အများအပြား ရှိပြီး ၊ ဆောင်းရာသီတွင် အနွေးထည်စောင်နှင့် အခင်းများ လိုအပ်ချက် ရှိကြောင်း သိရသည်။
စစ်ရေးပဋိပက္ခကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အထိ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ တို့တွင် ခိုလှုံနေကြသော စစ်ဘေးတိမ်းရှောင် အရပ်သား ပြည်သူပေါင်း ၆၅၀၀၀ ဦး အထက်ခန့် ရှိကြောင်း ပအိုဝ်းလူငယ် အစည်းအရုံးအချက်အလက်အရသိရသည်။
စစ်ဘေးရှောင် ၃ ပုံ ၂ ပုံ ခန့်သည် အရေးပေါ် အကူအညီများ လိုအပ်နေပြီး သွားရောက်ကူညီမှုလုပ်ဆောင်ရာတွင် စစ်ကောင်စီဂိတ်အဆင့်ဆင့်က စစ်ဆေးတင်းကြပ်မှုကြောင့်အခက်ခဲရှိကြောင်း ပအိုဝ်း လူငယ်အစည်းအရုံး PYO ထံသိရသည်။သည်။
#PPV-006
#စစ်ဘေးရှောင်
#humantarian
#ရှမ်းတောင်