ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၉၊ ၂၀၂၅
ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဇဝနာရာမစာသင်တိုက် ဆရာဒကာပူးပေါင်းပြီး ရေကောင်းမွန်စွာရရှိရန် ရေထွက်ဦးရှင်းလင်းစဉ် မပေါက်ကွဲသေးသည့် လက်နက်ကြီး အကြွင်းအကျန်များ တွေ့ရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ရေကောင်းမွန်စွာရရှိရန် ဆရာဒကာပူပေါင်းပြီး ရေထွက်ဦးအား ရှင်းလင်းစဉ် မပေါက်ကွဲသေးသည့် လက်နက်ကြီးအကြွင်းအကျန်များတွေ့ရှိခဲ့သည်။
“တိုက်ပွဲဖြစ်ပြီး ငြိမ်လို့အိမ်ပြန်လာတဲ့ချိန် တစ်ချို့ကသူတို့အိမ်ဘေးမှ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ့တဲ့အခါ ကလေးတွေဆော့ပြီး ပေါက်ကွဲမှာစိုးတော့ ရေထွက်ဦးမှာလာပစ်တဲ့သူရှိတယ် တချို့ကတော့ဝါးတောရွာနားကကြယ်ကြွင်း ပအိုဝ်းလိုအခေါ်(ဆုံ)ထဲ့ပစ်တဲ့သူလည်းရှိတယ်” ဟုဒေသခံစတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ရေထွက်နှင့် ရေလှောင်ကန်သန့်ရှင်းရေးအတွက် လုပ်အားပေးလုပ်ရန် အတင်းအဓမ္မခေါ်ယူခြင်းမျိုးမဟုတ်ပဲ ကိုယ့်အသိနှင့်ကိုယ် လာရောက်စုပေါင်းပြီး လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။
“လက်နက်ကြီးတွေအများကြီးတွေ့တယ် လုပ်အားပေးဖို့ဆိုပြီး ဌာနဆိုင်ရာကခေါ်ရင် သွားကြမှာမဟုတ်ဘူး ဦးဇင်းဖွားကနေ ကန်သန့်ရှင်းရေးလုပ်မယ်လို့ပြောတာနဲ့ ခေါ်စရာမလိုဘူး ကိုယ့်အသိနဲ့ကိုယ်လာကြတယ် တချို့ကမသိလိုက်လို့ မလာရတဲ့သူတွေက ဘာလို့အသိမပေးတာလဲဆိုပြီး အပြစ်တင်တာခံရသေး ကာယဒါနပြုချင်တယ်ဆိုပြီး” ဟု နောက်ဒေခံတစ်ဦးကလည်း ပြောသည်။
ယခုနှစ်မိုးတွင်းကာလ မိုးများသဖြင့် ရွံ့နွံများလူတစ်ရပ်ကျော်နီးပါး မြုပ်နှံခြင်းများအား ဇတနာရာမကျောင်း ဦးဆောင်ပြီး ကာယဒါနလုပ်အာလာပေးသည့် ဒါကာများ၊ ဌာနဆိုင်ရာများ စုပေါင်းပြီး ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်နှစ်ရက်တိုင်တိုင် သန့်ရှင်းရေးလုပ်ခဲ့ရကြောင်းသိရသည်။
PPV001
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ
#ဇဝနာရာမစာသင်တိုက်
#ဆရာဒကာပူးပေါင်းပြီးရေကောင်းမွန်စွာရရှိရန် #ရေထွက်ဦးရှင်းလင်းစဉ်
#မပေါက်ကွဲသေးသည့်လက်နက်ကြီး အကြွင်းအကျန်များတွေ့ရှိ