ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၇၊၂၀၂၅
တောင်ကြီးမြို့တွင် သူခိုးများ ပိုမိုသောင်းကျန်းလာပြီး ပစ္စည်းပျောက်ဆုံးမှုများ နေ့စဉ်ဖြစ်ပွားနေကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သတင်း ကြား သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဇန်နဝါ ရီလ ၁၆ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲခန့် အချိန်၌ ရေအေးကွင်းရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းပေါ် ၊ ဇေယျ၀တီ ကုမ္ပဏီရှေ့တွင် ရပ်ထားသော Wave 100 အဖြူရောင် မော်တော်ဆိုင်ကယ် ကို ခိုးယူခံလိုက်ရ ကြောင်းသိရသည်။
အဆိုပါ မော်တော်ဆိုင်ကယ်ကို လူနှစ်ယောက် ဝင်ခိုးသွားခြင်းဖြစ်ကာ cctv မှတ်တမ်းလည်း ရှိကြောင်း အမြန်ဆုံး ပြန်လည် ရှာဖွေတွေ့ရှိနိုင်ပါရန် အကူအညီ ပေးစေလိုကြောင်း ပိုင်ရှင်ဖြစ်သူက အကူအညီ တောင်းခံထားသည်။
“တကယ်ဆိုရင် မြို့ပေါ်မှာ cctv တွေ လည်းတပ်ထားတယ်။ ကျူးလွန်သူတွေက ဘယ်သူတွေလဲ ဆိုတာ လိုက်မယ်ဆိုရင်ရှာလို့ရတယ်။ သူတို့ တွေ ကိုယ်တိုင် က ပါဝင်ပတ်သက်နေသလား လို့တောင် သံသယ ဖြစ်စရာရှိတယ်။ ဒါမှ မဟုတ် လူမရှိလို့ မဖမ်းနိုင်တာလား မေးစရာပဲ၊ ဆိုင်ကယ် ပျောက်တာတွေ ဒီနေ့ ထိဖြစ်နေတုန်းပဲ၊ ပြန်မိတာလည်း မကြားသလောက်ပဲ။ နည်းနည်းပဲ မိတယ်။ ပျောက်တဲ့ အစီးရေက မနည်းဘူး။’ဟု ဆိုင်ကယ် ပျောက်ဆုံးဖူးသူ တစ်ဦးက ပြောပြသည်။
ထို့ပြင် မန္တလေးမှ တာချီလိတ် ကို သယ်ဆောင်ပေးမည်ဟု ဆိုကာ ဆိုင်ကယ်လိုင်စင် အမှတ် (၁၂/ ယ ၈၈၉၆၇) ကို ဦးအောင် ဆိုသူ ယူဆောင်သွားပြီး လူနှင့် ဆိုင်ကယ်ပျောက်ဆုံးကာ ဖုန်းဆက်သွယ်မှုပါ မရသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးရန် နှင့် ဆုငွေ ထိုက်ထိုက်တန်တန် ပေးသွားမည် ဖြစ်ကြောင်း ကြော်ငြာထားသည်။
တောင်ကြီးမြို့ ရှိ စားသောက်ဆိုင်များကို ဖုန်းဆက်မှာယူပြီး KPAY အတွင်း ငွေကြေး ၃ သိန်း ထည့်ခိုင်းကာလိုက်လံ လိမ်လည်မှုများလည်း ဆက်တိုက် ဖြစ်ပွားနေကြောင်း ဆိုင်ရှင်များထံမှ ကြား သိရသည်။
စားသောက်ဆိုင် ပိုင်ရှင်များကို ဖုန်းဆက်ရာတွင် တောင်ကြီးမြို့ရှိ ပုဂ္ဂလိက ဆေးရုံပိုင်ရှင် ဆေးရုံအုပ်ကြီး တစ်ဦး ဖြစ်ပြီး စားသောက်စရာ မှာယူပြီး ငွေကြေး ၃ သိန်း ခေတ္တထည့်ပေးပါရန် ၊ အစားအ သောက် လာပို့ချိန် ပြန်ပေးမည် ဖြစ်ကြောင်း လိမ်လည်မှု ရှိနေကြောင်း ဆိုင်ရှင်များက ပြော သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် ခိုးဆိုး လုယက်မှု ပိုမို များလာပြီး ၊ နိုင်နင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ဆိုင်ကယ်ခိုးမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခြင်း ဖြစ်သည်။
ဖိုတို ခရက်တစ်
#PPV-006
#ခိုးဆိုလုယက်မှု
#Taunggyi