ခမ်းသားငေါဝ်း

ဇန်နဝါရီ ၁၆၊ ၂၀၂၅

ရှမ်းပြည်နယ် တောင်ပိုင်းတွင် (၂၀၂၄)ခုနှစ်မှ (၂၀၂၅)ဇန်နဝါရီလအထိ တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေ မြို့နယ်တွင် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရသည့်အရပ်သားပြည်သူ (၆၅၀၀၀)နှင့် အထက်ရှိနေဆဲ ဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO)မှ ဇန်နဝါရီ(၁၅)ရက်တွင် ဗီဒီယို မှတ်တမ်းဖြင့် ထုတ်ပြန်ထားသည်။

စစ်ရေး ပဠိပက္ခအတွင်း လူ့အခွင့်အခွင်း ချိုးဖောက်မှုများကြောင့် စစ်ဘေးရှောင်နေရသော စစ်ဘေးရှောင်ဦးရေ၏ ၃ ပုံ ၂ ပုံခန့်သည် ယခုအချိန်ထိ အရေးပေါ် အကူအညီလိုအပ်နေကြောင်း ဖော်ပြထားသည်။

ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် (၂၀၂၄)ခုနှစ် စစ်ရေးတိုက်ပွဲအတွင်း လက်နက်ကြီး (၅၁၆၉)ကြိမ်၊ လေကြောင်း(၅၀၀)ကြိမ်နှင့် ဒရုန်း (၂၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခံရပြီး အရပ်သားအသက်အိုးအိမ် ထိခိုက်‌သေ‌ကြေရခြင်း၏ (၆၀)ရာခိုင်နှုန်းခန့်သည် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင်း ဖြစ်သည်ကို ဖော်ပြထားသည်။

စစ်ရေးပဠိပက္ခကြောင့် အရပ်သားသေဆုံးမှု စုစုပေါင်း (၁၂၉)ဦးရှိပြီး သေဆုံးမှုထဲတွင် အမျိုးသား(၈၉)ဦး၊ အမျိုးသမီး(၁၆)ဦး၊ ကလေး(၁၈)ဦးနှင့် ကျား မ အတည်မပြုနိုင်(၆)ဦးအထိ ရှိကြောင်း ဖော်ပြထားသည်။

လက်နက်ကြီး၊ ဒရုန်း၊ မီးရှုပ်ခံရမှုနှင့် လေကြောင်း တိုက်ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ နေအိမ်(၁၃၇၇)အိမ်၊ ဘာသာရေး အဆောက်အဦး(၃၂)၊ စာသင်ကျောင်း(၁၄)ကျောင်း၊ လမ်းတံတား(၁၆)ခုအပြင် ဆေးရုံဆေးခန်း(၄)ခု နှင့် ဈေး(၁)ဈေးတို့ ထိခိုက် ပျက်စီးမှု ရှိခဲ့ကြောင်း ဖော်ပြထားသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရှမ်းပြည်နယ်တောင်ပိုင်းတွင်
#တိုက်ပွဲဖြစ်ပွားခြင်း
#ပင်လောင်း
#ဆီဆိုင်
#ညောင်ရွှေ မြို့နယ်
#နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်
#ပအိုဝ်းလူငယ်အစည်းအရုံး

You missed