ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၆၊ ၂၀၂၅

ဆောင်းတွင်းရာသီဥတု ပိုအေးလာနေသဖြင့် ဖယ်ခုံအနောက်ဖက်ခြမ်းရှိ စစ်ရှောင်များအတွက် အနွေးထည်နှင့် စောင်များလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှ သိရသည်။

ရှမ်းတောင်၊ကရင်နီ( ကယား) နယ်စပ် ဖယ်ခုံအနောက်ဖက်ခြမ်းတွင် ဆောင်းတွင်းရာသီဥတု ပိုအေးလာနေပြီး စစ်ရှောင်များအတွက် အနွေးထည်နှင့် စောင်များလိုအပ်နေသည်။

” ဒီရက်ပိုင်းတော်တော်ပိုပြီးအေးလာတယ်လေ၊ စောင်တွေ၊ အနွေးထည်တွေ မလောက်ဘူးတော့ဘူး၊ထပ်ပြီးလိုနေတယ်ပေါ့လေ၊ အဓိကတော့ အသက်ကြီးပိုင်းရယ်၊ ကလေးတွေအတွက် ပိုပြီးလိုအပ်နေတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အအေးဒဏ်အံတုနိုင်ဖို့ ညပိုင်းမီးဖိုချင်သော်လည်း လေယာဥ်အဆက်မပြတ်ဝဲနေသောကြောင့် မီးမဖိုရဲကြောင်းသိရသည်။

” အေးလည်း ညပိုင်းသူတို့မီးလှုံလို့မရဘူးပေါ့လေ၊ မီးမဖိုရဲဘူး၊ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဥ်တွေက အမြဲဝဲနေတာ၊ လေယာဥ်ကိုလည်းကြောက်နေရတယ်” ဟု ၎င်း ကဆက်ပြောသည်။

ကရင်နီပြည်နယ်အတွင်းတွင် အပူချိန် ၉ ဒီဂရီစင်တီဂရိတ် ရှိနေပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ မှ ၁၉ ရက်နေ့အထိ အအေးပိုမည်ဟု အမျိုးသားညီညွတ်ရေးအစိုရ NUG ၏ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်တွင်လည်းဖော်ပြထားသည်။

PPV003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆောင်းတွင်း
#ရာသီဥတုပိုအေးလာ
#ဖယ်ခုံအနောက်ဖက်ခြမ်း
#အနွေးထည်နှင့်စောင်များလိုအပ်နေ
#စစ်ဘေးရှောင်ကူညီနေသူ

You missed