ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၆၊ ၂၀၂၅
နမ့်ခမ်းမြို့နယ် နမ့်စိတ်ကျေးရွာတွင် ဇန်နဝါရီလ ၉ ရက် မွန်းလွှဲ (၂း၄၅)နာရီအချိန်၌ ဦးအိုက်ကီဆိုသူ အသုဘသွားနေစဥ် ဝိုင်ယာကြိုးရှော့ဖြစ်ကာ နေအိမ်မီးလောင်ပျက်စီး သွားခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
ရှမ်းပြည်နာ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်စိတ်ကျရွာရှိ မီးလောင်မှုအတွင်း နေအိမ်အသုံးအဆောင်ပစ္စည်းများ၊ ဖုန်း(Oppo) တစ်လုံးနှင့် ဆန်စပါးအပါအဝင် ဆုံးရှုံးမှု စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းပေါင်း (၅၀)ကျော် မီးလောင်ဆုံးရှုံးသွားကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားနေစဥ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/တအာင် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားများ၊ တအာင်းပြည် ပညာရေးကောင်စီ (TLEC) ကျောင်းသူ/သားများ၊ ပြည်သူလူထုများနှင့်အတူ သွားရောက်ဝိုင်းဝန်း မီးငြိမ်းသတ်ပေးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
PPV003
ပုံ-TNLA
#မှုခင်း
#နမ့်ခမ်းမြို့နယ်
#နမ့်စိတ်ကျေးရွာ
#အသုဘသွားနေစဥ်
#ဝိုင်ယာကြိုးရှော့ဖြစ်
#နေအိမ်မီးလောင်ပျက်စီး
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။