ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၆၊ ၂၀၂၅
တောင်ကြီးမြို့ပေါ်၌ နာရီပိုင်းသာ လျှပ်စစ်မီးရသဖြင့် လျပ်စစ်မီးဖြင့် အလုပ်ကိုင်သူများအတွက် အခက်အခဲပိုမိုကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင်၌ လျှပ်စစ်မီး တစ်ရက်ကို နာရီပိုင်းလောက်သာရသဖြင့် လျှပ်စစ်မီးဖြင့် အလုပ်လုပ်ကိုင်သူများအတွက် အလုပ်ကို ပိုမိုကြန့်ကြာစေပြီး ကုန်ကျစရိတ်များပိုမြှင့်တက်နေကြောင်း သိရသည်။
“ အမတို့က ဆံပင်ညှပ်ဆိုင်ဆိုတော့၊ ခေါင်းလျှော်ဖို့အတွက်ဆိုရင် ရေပူစက်တွေ အမြဲဖွင့်ထားရတယ်၊ အဲ့တော့ မီးနဲ့ကပိုအဆင်ပြေတယ်လေ၊ မီးကမရတော့ မီးစက်နဲ့ဆိုတော့ ပိုကုန်ကျစရိန်များသွားတာပေါ့ ၊ မီးစက်ကို နေတိုင်းနိုးရတယ် ဆီဖိုးက်ိုပဲတစ်ရက်ကို ၃ သိန်းလောက် ကုန်တယ်”ဟု အလှပြင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် တစ်ရက်တွင် လျှပ်စစ်မီးရရှိနှုန်းသည် နှစ်နာရီတောင်မရရှိသည့်အပြင် ဆယ်မိနစ်တစ်ခါလာပြီး တစ်နေ့ကုန်နီးပါး ပျက်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
လျှပ်စစ်မီးရှိမှာ အလုပ်လုပ်ရသည့် ဖုန်းပြုပြင်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့်လည်း မီးလာသည့်အချိန်မှာသာ အလုပ်လုပ်ရသဖြင့် အလုပ်တွင် ပိုမို ကြန့်ကြာနှောင်းနှေးစေကြောင့် ဖုန်းပြုပြင်သူထံမှသိရသည်။
“တစ်ခါတလေ မီးလာရင်လည်း မီးအားက မနိုင်တော့ စက်တွေခနခနပျက်တဲ့ဟာတွေအမြဲကြုံရတယ် ၊ပြီးတော့ ဖုန်းလာပြင်တဲ့ သူက နက်ဖြန် လောက်ရချင်ရင် မီးကညသန်းခေါင်းမှာလာရင်အဲ့အချိန်ကြမှာ ထလုပ်ရတယ်၊ နေ့ခင်းကလည်း မီးမလာဘူးဆိုရင် တစ်နေ့ကုန် ဘာမှာ မလုပ်ရတဲ့နေ့တွေလည်းရှိတယ်”ဟု ဖုန်းပြုပြင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
တောင်ကြီးလျှပ်စစ်မီး ဝန်ကြီးချုပ်အပြောင်းအလဲရှိသဖြင့် ဒေသခံများက အဆင်ပြေလာမည့်ကို မျှော်လင့်ထားသော်လည်း အရင်ကထက် လျှပ်စစ်မီးရရှိမှုသည်ပိုမိုဆိုးရွာလာကြောင်း သိရသည်။
PPV0013
#လူ့အခွင့်အရေး
#တောင်ကြီးမြို့ပေါ်
#လျှပ်စစ်မီး