ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၆၊ ၂၀၂၅
ရပ်စောက်မြို့နယ်၊ ကျောက်ဂူတွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကြောင့် အရပ်သားထိခိုက်မှုရှိပြီးနေအိမ်(၂)လုံးမီးလောင်ပျက်စီးခဲ့ရကြောင်း ဇန်နဝါရီလ(၁၆)ရက်နေ့တွင် DPLA ထုတ်ပြန်ချက်အရသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ကျောက်ဂူတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားနှင့်နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေကြောင်း ဆိုထားသည်။
ထိုသို့တိုက်ခိုက်မှုများကြောင့် ဇန်နဝါရီလ(၁၄)ရက်နေ့တွင် အရပ်သားနေအိမ်(၂)လုံး မီးလောင်ပျက်စီးခဲ့ရပြီး ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ရွာသားတစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီသည် ကျောက်ဂူတိုက်နယ် ခဲကြားရွာနှင့် ဖက်ရင်းကုန်းရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေသောကြောင့် အဆောက်အဦးပျက်စီးဆုံးရှူံမှုများလည်းရှိခဲ့ကြောင်းဆိုထားသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် ခမ်းသားငေါဝ်းမှ DPLA၏ တာဝန်ရှိသူများထံ ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ မရရှိခဲ့ပါ။
ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းမှုများကြောင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA)နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ပုံ-အွန်လိုင်း
#PPV007
#လူ့အခွင့်အရေး
#ရပ်စောက်မြို့နယ်
#ကျောက်ဂူ
#စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကြောင့် #အရပ်သားထိခိုက်မှုရှိ
#နေအိမ်(၂)လုံးမီးလောင်ပျက်စီး
#DPLA