ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၄၊ ၂၀၂၅

မင်္ဂလာဦးရပ်ကွက်တွင် ထရမ်စဖော်မာ ရှော့ဖြစ်မီးလောင်ပြီး နောက် ၄ ရက်အထိမီးမလာသေးကြောင်း မင်္ဂလာဦးရပ်ကွက်နေပြည်သူတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ညနေပိုင်းတွင် ထရမ်စဖော်မာ လျော့ဖြစ်ပြီးမီးလောင်သွားခဲ့ရာ ယနေ့အထိ မီးမလာသေးကြောင်းသိရသည်။

” ထရမ်စဖော်မာ မီးလောင်ပြီးတော့ လာပြင်ကြတယ်၊ ဆယ့်ငါးမိနစ်တော့ပြန်လာသေးတယ်၊ အဲ့နောက်ပိုင်း အခုထိမီးတစ်ချက်မှမလာသေးဘူး၊ရပ်ကွက် အပေါ်ပိုင်းတော့မီးလာတယ်၊ ဒီပျက်သွားတဲ့ ထရမ်စဖော်မာ နဲ့ ချိတ်ထားတဲ့အပိုင်းတော့မလာသေးဘူး” ဟု မင်္ဂလာဦးရပ်ကွက်နေပြည်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

တောင်ကြီးတွင် မီးပေးသည့်အချိန်များမမှန်သောကြောင့် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေကြောင်းသိရသည်။

ဒေသခံတစ်ဦးကလည်း” တောင်ကြီးမှာက တစ်နေ့ကို သုံး၊လေး နာရီလောက်တော့မီးရတယ်၊ ဒါပေမယ့် ၁၅ မိနစ်လာပြီး ပြန်ပျက်တာ၊ နာရီဝက်လာပြီး ပြန်ပျက်တာ ဖြစ်နေတော့ဘယ်လိုမှအဆင်မပြေဘူး၊ ထမင်းတစ်အိုးတောင်မကျက်သေးဘူးပြန်ပျက်နေတော့ ထမင်းချက်ဖို့တောင်ခက်တယ်၊ တစ်နေ့ သုံးနာရီဆိုလည်း သုံးနာရီအပြည့်လာပေးရင် ပိုအဆင်ပြေမယ်” ဟုဆိုသည်။

လျှပ်စစ်မီးပုံမှန်မလာသောကြောင့် တောင်ကြီးတွင် နည်းပညာဖြင့်ပညာသင်ကြားရေးအပိုင်း နှင့် လျှပ်စစ်မီးအသုံးပြု၍ လုပ်ကိုင်နေသော လုပ်ငန်းအချို့ရပ်နားထားရကြောင်းသိရသည်။

PPV 003
#လူ့အခွင့်အရေး
#မင်္ဂလာဦးရပ်ကွက်
#တောင်ကြီးမြို့
#ထရမ်စဖော်မာရှော့ဖြစ်မီးလောင်
#မီးမလာသေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။