ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၂၊၂၀၂၅

စစ်ရေးပစ်မှတ်မဟုတ်သည့် ဖယ်ခုံမြို့နယ် အနောက် ဟန်ပို့ရွာနှင့် ဟန်ဘူးရွာတွင် ယနေ့ ၁၁ နာရီ ခွဲအချိန်၌ စစ်ကောင်စီတပ် တိုက်လေယဥ် ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့အနောက်ဘက် လအိရွာအရှေ့ဘက်ရှိ ဟန်ပို့ရွာနှင့် ဟန်ဘူးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီ တပ်က တိုက်လေယဥ် ဖြင့် ၃ လုံးဗုံးကြဲတိုက်ခိုက်ခဲ့ခြင်သဖြစ်သည်။

“ဟန်ဘူးရွာ စာသင်ကျောင်း ထဲကျတဲ့အလုံးကမကွဲသေးဘူး၊ ကျန် နှစ်လုံးကကွဲသွားပြီ လူထိခိုက်မှုတော့မရှိဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။

ထိုဗုံးကြဲခံရမှုသည် ဟန်ပို့ရွာတွင် တစ်လုံး၊ ဟန်ဘူးရွာ တွင် နှစ်လုံး ကျခဲ့ပြီး ဟန်ဘူးရွာစာသင်ကျောင်း ဝင်းအတွင်းကျသည့်အလုံးသည်မပေါက်ကွဲသေးကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင် လည်း ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ နှင့် ဆောင်ပလန်ကျေးရွာအကြားတွင် စစ်ကောင်စီက လေယောဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင်ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီက ပီကင်းကျေးရွာစျေးအနီးတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#ppv002
#Humanright
#ဗုံးကြဲတိုက်ခိုက်

You missed