ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၂၊ ၂၀၂၅
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ် ဖြီကျွတ်ရွာကို စစ်ကောင်စီက(၄)ကြိမ် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၂ ဉီးသေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဖြီကျွတ်ကျေရွာတွင် ဇန်နဝါရီ ၁၁ ရက် နေ့လည် ၃ နာရီအချိန်က စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLA ကထုတ်ပြန်ထားသည်။
‘’အကြောင်းအရင်းမရှိဘဲ ဗုံးကြဲသွားတာပေါ့လေ၊ ပြောရရင် ဒါစစ်ကောင်စီက စစ်ရာဇဝတ်မှုကျူးလွန်တာပဲ၊ အဲဒီနေရာမှာ တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး”ဟု PNLA ပြောခွင့်ရ ခွန်ရိန်းယံက ခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်လာရောက်ခဲ့ပြီး ၄ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှု တွင် ၃ လုံးပေါက်ကွဲပြီး တစ်လုံးက ပေါက်ကွဲမှုမရှိခဲ့ကြောင်းသိရသည်။
ဗုံကြဲတိုက်ခိုက်မှုတွင် ပေါက်ကွဲပြီး တောင်ယာမှပြန်လာသည့် ဒေသခံအမျိုးသမီး ၃ ဦးထဲမှ သားအမိ ၂ ဦးသေဆုံးခဲ့ပြီး၊ ကျန်အမျိုးသမီးတစ်ဦးက ဒဏ်ရာပြင်းထွန်ရရှိခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၄ ဒီဇင်ဘာ ၃၁ ရက်ကလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ PNLO ၏ဌာနချုပ်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
#ppv002
#Humanright
#ဗုံးကြဲ
#ဖြီကျွတ်
#ဆီဆိုင်