ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၂၊ ၂၀၂၅
ဆီဆိုင်မြို့နယ် ရွှေတဂူတွင် PNO တပ်ဖွဲ့ ၂၅ ဦးသေဆုံးသွားပြီး ဆွမ်းသွပ်ရန်အတွက် လက်ရှိအချိန်ထိ အကူငွေမရရှိနေသေးကြောင်း သေဆုံးသူမိသားစုဝင်နှင့်နီးစပ်သူထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တဘက်အုပ်စု ရွှေတဂူအနီးရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်စခန်းအား ဇန်နဝါရီ ၉ ရက်နေ့တွင် ကရင်နီတပ်ပေါင်းစုမှ လာရောက်တိုက်ခိုက်စဉ် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ၃၆ သေဆုံးသည့်အနက် PNO ၂၅ ဦးပါဝင်ရာ ဆွမ်းသွပ်ရာတွင် အကူငွေမရခဲ့ကြောင်း သိရသည်။
“စိတ်မကောင်းဘူးပေါ့နော် ဗမာစစ်သားသေတာသိန်းရာချီအကူငွေရတယ် ကျန်ခဲ့တဲ့မိန်းမနဲ့ကလေးအတွက်လည်း တစ်လနှစ်သိန်းဆိုလားပင်စင်ရတယ်လို့သိရတယ် သူတို့နဲ့အတူသေရတဲ့ ကျတော်တို့ ညီအစ်ကိုတွေကျတော့ တပြားမှအကူငွေမရနေဘူးဆိုတော့လေ ဝမ်းနည်းတာပေါ့နော် လူချင်းတူပေမယ့်တန်ဖိုးချင်းမတူနေဘူးဆိုတာကို ရင်နာမိတယ်ဗျာ”ဟု ထိုင်းနိုင်ငံရောက် သေဆုံးသူနှင့်ဆွေမျိုးနီးစပ်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ရွှေတဂူဘုရားသည် သားစိမ်းငါးစိမ်းယူပြီးဖြတ်သွားပါက မျတ်စိလှည်လမ်းမှားသူများ သွားလိုသည့်ပြန်လိုသည့် ခရီးသို့မရောက်ပဲ တောထဲတွင်လမ်းမှားနေခြင်းခြင်းများ ကြုံတွေ့ရလျှက်ရှိကြောင်း ထို့အပြင် ယခင်ကတောများဖုံးလွမ်းလျှက်ရှိသည့် အတွက် တောလျှောက်ခြင်းများ ကြုံတွေ့ရှိကြောင်း မုဆိုးများအနေဖြင့် တောလိုက်လိုပါက ပိုင်ရာဆိုင်ရာများထံ ခွင့်ပန်ပြီးမှသာသွားလာလို့ရကြောင်း ဒေသခံထံကသိရသည်။
နောက်ဒေသခံတစ်ဦးကလည်း “ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ စကားပုံတောင်ရှိသေးတယ်ကော အာ့ဘုရားက နတ်ကြီးတယ် လျှောက်လုပ်လို့မရဘူး ရေပူစမ်းမှာရေသွားချိုးတဲ့သူတွေ တစ်ချို့က ဘုရားပါသွားဖူးကြမယ်ပေါ့ ကားပေါ်မှာ ဘီယာတွေ၊ အရက်တွေပါရင်ကို ကားမောက်တာတို့၊ ဆိုင်ကယ်မောက်တာတို့ ကြားဖူးတယ် သေတာတော့မကြားပေမယ့် တစ်ခုခုဖြစ်တတ်တယ်တဲ့ ခုကြားရတဲ့သတင်းအတွက် စိတ်မကောင်းဘူး ဘာအမှားလုပ်မိလည်းမှမသိ အဖြူကပိုခံရတယ်ကြားတော့ ပိုပြီးစိတ်မကောင်းဘူး”ဟုပြောသည်။
ရွှေတဂူတိုက်ပွဲတွင် PNO တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုများရှိသလို ဖမ်းဆီးခံရသူများထဲတွင် အသက် အသက် ၁၃/၁၄ အရွယ် အသက် ၁၈ နှစ်မပြည့်သည့် ပအိုဝ်းကလေးများ ပါဝင်နေကြောင်း တော်လှန်တပ်ဖွဲ့များက ဗွီဒီယိုဖိုင်နှင့် လူမှုစာမျတ်နှာတွင် တင်ပြထားကြောင်း သိရသည်။
PPV001
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့
#တဘက်အုပ်စု
#ရွှေတဂူအနီး
#ကရင်နီတပ်ပေါင်းစု
#ဆွမ်းသွပ်ရာတွင်
#အကူငွေမရခဲ့ကြောင်း