ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၁၊ ၂၀၂၅

တောင်ကြီးမြို့တွင် ပြည်နယ် အဆင့် ကျောင်းများ စုံညီပွဲတော်အတွက် ကျောင်းသားများထံငွေကောက်ပြီးကျင်းပနေကြောင်း ကျောင်းသားမိဘထံသိရသည်။

ပထမတစ်ကြိမ်မြို့နယ်အဆင့် ကျောင်းစုံညီပွဲတော် တွင် ကျောင်းသူကျောင်းသားများထံမှ ငွေကြေးကောက်ခံမှု ရှိသလို ယခု တစ်ကြိမ် ပြည်နယ်အဆင့် ကျောင်း စုံညီပွဲတော်ပွဲတော် အတွက်ဟု ဆိုကာ ငွေကြေးကောက် ခံ မှု ရှိကြောင်း သိရသည်။

“အခု တစ်ခေါက် ပြည်နယ်အဆင့် ကျောင်းစုံညီ ပွဲတော်ကို အထက ၁ ကျောင်းမှာလုပ်မယ်၊ ၂ တန်း ကလေးငယ်တွေ တစ်ယောက်ကို ငါးထောင်ကျပ်တောင်ကောက်တယ်၊ ပထမ တစ်ကြိမ်မြို့နယ် ကျောင်းစုံညီ ပွဲတော်မှာလည်း ငါးထောင်ကျပ် ကောက်တယ်၊ မုန့် ကျွေးမယ်လို့တော့ပြောတယ်၊ မုန့် ဝယ်စားဖို့ သပ်သပ်ပိုက်ဆံထပ်ပေးရတယ်၊ ငါးထောင်က ဘာကျွေးလဲတော့ မသိဘူး၊ တစ်ကြိမ် ငါးထောင်နဲ့ နှစ် ကြိမ်တစ်သောင်းဆိုတော့များလာပြီ၊ ၄ တန်းကလေးကတော့နှစ်ထောင်ကျပ် ။ သုံးထောင် ကျပ် ထည့်ရတယ်ပြောတယ်၊ တခြားကျောင်းတွေ လည်းတစ်သောင်းလောက်ထည့်ရတယ်”ဟု ကျောင်းသား မိဘတစ်ဦးက ဆိုသည်၊။

ပြည်နယ် အဆင့် ကျောင်းစုံညီပွဲတော် ကို ဇန်နဝါရီ လ ၁၁ ရက် စနေနေ့တွင် အမှတ် ၁ အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ တက်ရောက်မည် ဖြစ်ကြောင်းသိရသည် ။

အခြားကျောင်းသား မိဘတစ်ဦးက”အခုလို ခက်ခဲရှားပါး နေချိန်မှာ ငွေငါးထောင် တစ်သောင်းလည်းရှာဖို့ မလွယ်ဘူးလေ၊ ကျူ ရှင်လခလည်း ရှာရတယ်၊ အကောက်အစားလည်းများတယ် ဆိုတော့ မိဘ တွေခက်တာပေါ့၊ တစ်ယောက်ငါးထောင် နဲ့ တွက်ရင် တစ်ခန်းကို ငါးဆယ်ကျော်ရှိတယ်နော်၊ အယောက် ၁၀၀ ဆိုရင် ငါးသိန်းရှိတယ်၊ ကျောင်းစုံညီ ပွဲတော်ဆိုတာ ပျော်ပွဲရွှင်ပွဲလုပ်တဲ့ ကာလပဲ”ဟု ဆိုသည်။

တောင်ကြီးမြို့ရှိ ပညာရေး ကျောင်း များတွင် ကျောင်းတိုင်း ပညာရေး စုံညီ ပွဲတော်များ ကျင်းပပြုလုပ်လေ့ ရှိကြောင်း သိရသည်။

ထို့ ပြင် ကျောင်းများတွင် အချိန်ပိုကြေး ကောက် ခံခြင်းများလည်း ရှိကြောင်း ကျောင်းသား များထံမှ သိရသည် ။

#ppv006
#စုံညီပွဲ
#ပညာရေး
#ကျောင်း
#Taunggyi

You missed