ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၁၊၂၀၂၅
စစ်မှုထမ်းအတွက် တစ်အိမ်နှစ်သောင်းနှုန်းဖြစ် တစ်လတစ်ကြိမ် ကောက်ခံမည်ဟုအစည်းဝေးတွင်သတ်မှတ်သော်လည်း ပြည်သူများ အမှန်တကယ်သွားထည့်ချိန် ငါးသောင်းပေးဆောင်နေရကြောင်း ဒေသခံဆီမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ဘုရားဖြူ ရပ်ကွက် ၊ပြည့်သူစစ်မှုထမ်းခြင်းကိစ္စနှင့်ပက်သက်ပြီး ပြီးခဲ့သည့် လ ၂၀၂၄ ၊ဒီဇင်ဘာ ၂၁ ရက်နေ့ အစည်းအဝေးခေါ်ပြီး ငွေကောက်ခံမှုသတ်မှတ်ခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။
“တစ်လ နှစ်သောင်းဆိုပြီး သွားထည့်တော့ ငါးသောင်းလေ၊ ခြောက်လတစ်ကြိမ် မဟုတ်ဘူး လတိုင်းလတိုင်း၊ ယောက်ျားအရွယ်ကောင်းရှိတဲ့အိမ်ဆို အသက် ၂၅-၃၀ အဲလိုအိမ်ဆို ရှယ်ထည့်ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်မှုထမ်းအတွက် တစ်လတစ်ကြိမ် ငါးသောင်း ပေးဆောင်နေရသည့်အပြင် အိမ်ဌားသမားများအတွက် အိမ်ဌားခပါ ထပ်ပေးရသဖြင့် ပိုမို ခက်ခဲလာကြောင်းကို လည်း ဒေသခံတစ်ဦးထံမှသိရသည်။
ဒေသခံ တစ်ဦးကလည်း“စစ်မှုထမ်း အတွက် စုဗူးလည်းဖောက်ပြီးပေးလိုက်ရတယ်၊ အိမ်ငှါးခလည်း ပေးလိုက်ရတယ်၊ အဲ့တာ အိမ်ဌား တစ်ယောက် ပိုက်ဆံသွားထည့်တာ ရုံးကလူ ဘာပြောတုန်းဆို နင့်တို့သားတွေက အရွယ်ကောင်းတဲ့ နင့်တို့ကိုယ်တိုင် လာမထည့်လည်း အစားထိုးလူတစ်ယောက် သိန်း ၈၀ ဌားသွားလိုက်ပြောတယ်”ဟု ပြောသည်။
စစ်မှုထမ်းအတွက် တောင်ကြီးမြို့ပေါ်တွင်လည်း တစ်လတစ်ကြိမ် တစ်အိမ် ငါးသောင်းကျပ်နှုန်းဖြင့် ပေးရသည့်အပြင် လူမနေသည့် အိမ်ကို ပါ ပိုက်ဆံ ထည့်ပေးနေရကြောင်း သိရပါသည်။
ထို့အပြင် ညပိုင်းရပ်ကွက်အတွင်း စစ်မှုထမ်း အတွက် ပေါ်တာ ဆွဲဖမ်းဆီးခြင်းများလည်းရှိနေကြောင်းသိရသည်။
#ppv013
#Humanright
#စစ်မှုထမ်း
#Taunggyi