ခမ်းသားငေါဝ်း
ဇန်နဝါရီ ၉၊ ၂၀၂၅
ဆီဆိုင်မြို့နယ် ရွှေတဂူကျေးရွာရှိ PNO ပြည်သူစစ်၊ စစ်ကောင်စီနှင့် ကရင်နီ တပ်ပေါင်းစုတို့ ဇန်နဝါရီ (၉)ရက် ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တဘက်အုပ်စုရွှေတဂူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNO ပြည်သူ့စစ် (၃)ဦး သေဆုံးကာ ဒဏ်ရာရသူများရှိသည့်အပြင် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိကြောင်း သိရသည်။
“ဟုတ်တယ် တိုက်ပွဲဖြစ်တော့ ဒေသခံတွေလည်း နီးစပ်ရာ ထပ်ရှောင်ရပြန်တယ်။ လောလောဆယ်တော့ အသေးစိတ်မသိရသေးဘူး PNO ဘက်က (၃)ဦးသေဆုံးပြီး လက်နက်တွေလည်း သိမ်းရတယ်လို့ သိထားတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ကောင်စီက တဘက်အုပ်စုကို လက်နက်ကြီးအဆက်မပြက်ပစ်နေခြင်းကြောင့် ရွာသားများရွာမှထွက်ခွာပြီး စစ်ဘေးရှောင်နေရကြောင်းသိရသည်၊၊
နောက်ဒေသခံတစ်ဦးကလည်း “နောင်စကာ၊ ဝမ်းဟေ့၊ နောင်ပါရင်ကရွာသားတွေ အကုန်လုံးပြေးကြရပြီ”ဟု ခမ်းသားငေါဝ်းကိုပြောသည်၊၊
စစ်ကောင်စီနှင့် ကရင်နီတပ်ဖွဲ့တို့သည် ယခုရက်ပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနှင့် နောင်ဝိုးကြား တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် မကြာခဏပျံဝဲနေကြောင်း သိရသည်။
PPV 0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆိုင်မြို့နယ်
#တဘက်အုပ်စု