ခမ်းသားငေါဝ်း
ဇန်နဝါရီ ၈၊ ၂၀၂၅

နိုင်ငံတစ်ဝန်းတွင် မြို့ပေါင်း ၉၅ မြို့ ကိုအပြီးသတ်သိမ်းပိုက်အုပ်ချုပ်ထားနိုင်ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးငှာနက စစ်ရေးတိုးတက်မှုအခြေအနေ သတင်းအစီအရင်တွင်ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက စိုးမိုးထားသည့် မြို့နယ်စုစုပေါင်း ၁၄၄ မြို့နယ်ရှိပြီး ယင်းတို့အနက် မြို့ပေါင်း ၉၅ မြို့ ( မြို့နယ်အားဖြင့် ၄၈ မြို့နယ်) ကို အပြီးသတ်သိမ်းပိုက်အုပ်ချုပ်ထားပြီး ကျန်ရှိသည့် မြို့နယ် ၇၉ မြို့နယ်တွင်လည်းတော်လှန်စစ်များ ဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။

နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့နယ် ၁၀၇ မြို့နယ်သာကျန်ရှိနေပြီး တစ်နိုင်ငံလုံးမြို့နယ်စုစုပေါင်း ၄၄ ရာခိုင်နှုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီးဖြစ်ကာ ၂၄ ရာခိုင်နှုန်းတွင် တော်လှန်စစ်များဖြစ်ပွားနေကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊အိန္ဒိယ၊ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့်ဆက်သွယ်ထားသော အဓိက နယ်စပ်ကုန်သွယ်ရေးမြို့၁၁ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားကြောင်းသိရသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံ၏ သုံးပုံတစ်ပုံကိုပင် စိုးမိုးအုပ်ချုပ်ထားနိုင်ခြင်းမရှိတော့ကြောင်းဖော်ပြထားသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ အရာရှိ ၃၁၅ ဦးသေဆုံးပြီး၊ ၁၂၇ ဦး ဒဏ်ရာရခဲ့ကာ စစ်သား၊ရဲ နှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၄၀၉၃ ဦးသေဆုံးခဲ့ပြီး၊ ၇၃၆၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

PPV 003
ပုံ-အွန်လိုင်း