ခမ်းသားငေါဝ်း
ဇန်နဝါရီ ၈၊ ၂၀၂၅
စစ်ကောင်စီ၏ လေကြောင်းဒဏ်နှင့် လက်နက်ကြီး ဒဏ်ကြောင့် ၂၀၂၄၊ ဒီဇင်ဘာလ တစ်လအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ်များအပါအဝင်တစ်ရာနီးပါးအထိ သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ကောက်ယူထားသော သတင်းအချက်အလက်များအရ တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းဒဏ်နှင့် လက်နက်ကြီး ဒဏ်ကြောင့်သေဆုံးသူ (၉၅) ဦး အနက် အမျိုးသမီး (၃၅) ဦး၊ အမျိုးသား (၅၉) ဦးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ (၁) ဦး သေဆုံးခဲ့သည်။
သေဆုံးသူ စုစုပေါင်း (၉၅)ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၄) ဦး ပါဝင်ကြောင်း ထုတ်ပြန်ထားပါသည်။
သေဆုံးသူ အများဆုံး ဒေသမှာမန္တလေးတိုင်း (၂၃)ဦး၊ ဒုတိယအများဆုံးဒေသမှာ ပဲခူးတိုင်း (၁၇) ဦး ဖြစ်ကြောင်းနှင့် ၎င်း သေဆုံးသူ စုစုပေါင်း(၉၅)ဦး အနက် (၄၅)ဦးသည် စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးရပြီး (၃၀) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယ အများဆုံးသေဆုံးခဲ့ရကြောင်း ရေးသားထုတ်ပြန်ထားပါသည်။
PPV0013
ပုံ_AAPP
#လူ့အခွင့်အရေး
#လေကြောင်းဒဏ်နှင့်လက်နက်ကြီးဒဏ်
#ကလေးငယ်များအပါအဝင်
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#AAPP