ခမ်းသားငေါဝ်း
ဇန်နဝါရီ ၆၊ ၂၀၂၅
စစ်ကောင်စီ၏ (၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်အတွင်း ရှမ်းပြည်ရှိ နိုင်ငံရေး အကျဉ်းသားများ မပါဝင်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)ထံမှ သိရသည်။
မြန်မာနိုင်ငံ၏ (၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းကျခံနေရဆဲ ဖြစ်သည့် အကျဉ်းထောင် အသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း (၅၈၆၄)ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း၊ ထိုထဲမှ နိုင်ငံရေး အကျဉ်းသား (၆၀၀)ပါဝင်ကြောင်း ဇန်နဝါရီ(၄)ရက်နေ့တွင် စစ်ကောင်စီမှ ထုတ်ပြန်သည်။
မြေပြင်စာရင်းအရ လွတ်မြောက်လာသော နိုင်ငံရေး အကျည်းသား (၂၀၀)ဝန်းကျင်သာ ရှိပြီး (၄၀၀) နီးပါး စာရင်းပျောက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)ကဆိုသည်။
(PPNM)၏ ကနဦး ရရှိထားသည့် စာရင်းများအရ စစ်ကောင်စီ လွတ်ငြိမ်းအကျဉ်းသား လွတ်ပေးသည့်အထဲ နိုင်ငံရေးအကျဉ်းသား မပါဝင်ခဲ့သည့် ထောင်များကို ဖော်ပြထားသည်။
လွိုင်ကော်အကျဉ်းထောင်၊ ပုသိမ်အကျဉ်းထောင်၊ ကော့သောင်းအကျဉ်းထောင်၊ ဂန့်ဂေါအချုပ်( အမိန့်ကျထားသည့် နိုင်ကျဉ်းများ ထားရှိထား)၊ ဗန်းမော်အကျဉ်းထောင်နှင့် ညောင်ဦး အကျဉ်းထောင်တို့ရှိ အကျဉ်းသားများ လွတ်ငြိမ်းခွင့်ထဲ မပါဝင်ကြောင်း ဖော်ပြထားသည်။
PPV0011
ပုံ-PPNM
#လူ့အခွင့်အရေး
#လွတ်လပ်ရေးနေ့
#လွတ်ငြိမ်းချမ်းသာခွင့်
#ရှမ်းပြည်ရှိနိုင်ငံရေးအကျဉ်းသားများ
#မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်
#PPNM