ခမ်းသားငေါဝ်း
ဇန်နဝါရီ ၇၊ ၂၀၂၅
ရေကြီး၊ မြေပြိုခဲ့ခြင်းကြောင့်မဲနယ်တောင်ဒေသတောင်သူများ ခြံအတွင်းဖုံးလွမ်းနေသည့် မြေစာပုံများနှင့် ကျောက်တုံးများ တူးဖော်ရှင်းထုတ်သည့်အခါ ဘတ်ဖိုလ်းခကုန်ကျစရိတ် ဈေးနုန်းကြီးမြှင့်သဖြင့် စိုက်ပျိုးရေးလုပ်ရန် တောင်သူများ အခက်အခဲကြုံတွေ့ နေရကြောင်း ဇန်နဝါရီလ ၇ ရက်နေ့တွင် ဒေသခံထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသအတွင်းရှိ ပြီးခဲ့သည့် (၂၀၂၄ စက်တင်ဘာလ ၁၁ ရက်နေ့) တွင် မြေပြိုခြင်း၊တောင်ကျရေအဆမတန် စီးဆင်းလာခြင်းကြောင့် မြေစာများနှင့် ကျောက်တုံးများ ခြံအတွင်းစုပုံနေပြီး ပြန်လည်ထူးဖော်ချိန် ခြံရှင်းလင်းရေးအတွက် ဘတ်ဖိုလ်း ၁ နာရီကို ၁ သိန်းကျော်အထိပေါက်စျေးရှိသည့်အတွက် အခက်ခဲကြုံနေရသည်၊၊
“ ရေချောင်းဘေးနားက တစ်ရွာလုံးနီးပါးရဲ့ခြံတွေက အဲနားမှာဆိုတော့ ရေကြီး မြေပြိုတုန်းက အကုန်မြုပ်ကုန်တာပေါ့။ အခု စိုက်ပျိုးရေးပြန်လုပ်ဖို့ မြေတွေညှိရ ဖယ်ထုတ် တူးထုတ်ရတာ ကုန်ကျစရိတ်အရမ်းကြီးတယ်။ ဘက်ဖိုးလ် ၁ နာရီကို ၁ သိန်းကျော်ပေးရတယ်။ အပြီးအစီးဆို ကိုယ်ခြံရဲ့ ပေါက်စျေးလောက်ကျသွားတယ်။ မရှင်းလင်းဘူးဆိုရင်လည်း ဘယ်လိုမှ စိုက်ပျိုးဖို့ အဆင်မပြေဘူးလေ” ဟု ဒေသခံ တောင်သူအမျိုးသမီးတစ်ဦးမှပြောသည်။
ခြံရှင်းလင်းရေးအတွက် တစ်ခြံလုံးရှင်းလင်းပါက မြေကွက်ပေါက်စျေး သိန်း ၅၀ လောက်နီးပါး ကုန်ကုသည့်အတွက် အချို့တောင်သူများသည် တူးဖော်နေရင်း ငွေကြေးမတတ်နိုင်သောကြောင့် တစ်ဝက်တစ်ပြတ်နှင့် ထားခဲ့ရတာမျိုး ရှိနေကြောင်း သိရသည်။
“ရေကြီးတုန်းကတော့ စည်ပင်ကလမ်းမကြီးလာပြင်ပေးတာတော့ရှိတယ်။ မြေကြီးဖုံးတဲ့ တောင်သူခြံ တွေကတော့ ဘယ်အဖွဲ့အစည်းမှ လာရောက်ကူညီတူးဖော်ပေးတာမျိုးမရှိသေးဘူး၊ အခု စိုက်ပျိုးချိန်ရောက်လာတော့ အခက်အခဲဖြစ်တာပေါ့။ ဒီက တာဝန်ရှိအာဏာပိုင် တွေကူညီပေးနိုင်ရင်တော့ ကောင်းတာပေါ့။ တောင်သူတွေကတော့အကူအညီရဖို့ မျော်လင့်တာပေါ့” ဟု ဒေသခံလူငယ် တစ်ဦးကပြောသည်။
လက်ရှိတွင်ဒေသခံအာဏာပိုင်တွေအနေနှင့် တောင်ကျရေကြောင့် တောင်ယာခြံများ မြေကြီးဖုံး လွှမ်းတဲ့အပေါ်အား အကူအညီပေးခြင်း မရှိသေးကြောင်းသိရသည်။
“အချို့ဆိုရင် စိုက်ပျိုးမြေ ၃ ခြံစလုံး မြေဖုံးသွားတာ စိုက်စားစရာမြေကိုမရှိတော့တာ အဲဒီတော့ မြေကြီးတွေရှင်းထုတ်ရတာပေါ့။ တက်နိုင်သလောက်လေ။ ဒီအတိုင်းမြေစာပုံအဖြစ်နဲ့လည်းမထားချင်ဘူး။ အခြားစိုက်မျိုးဖို့မြေနေရာလည်းမရှိတော့” ဟု ၄င်းကဆက်ပြောပါတယ်။
အခုအချိန်ဆောင်းရာသီ မဲနယ်တောင်ဒေသတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စတော်ဘက်ရီ၊ ပန်းမျိုးစုံ၊ မှုန်လာဥဖြူ စသည့် ကုန်စိမ်းများကို ဘိန်းအစားထိုး မို့ပိုစိုက်လာကြသည်မှာ ကြာခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။
မဲနယ်တောင်ဒေသ ဗန်းစောက်၊ လုဲင်းပေႏ၊ ၊ လုဲင်းကွဉ်ႏ၊ လုဲင်းကင်၊ ယုတ်ပေႏ၊ စငေါ၊ နမ့်ဟူကျေးရွာစသည့် ရွာများ၏ ခြံယာများတွင် မြေစာများနှင့် ကျောက်တုံးများ အခုထိ မဖယ်ရှားနိုင်သေးဘဲ ဖုံးလွှမ်းနေတဲ့အတွက် စိုက်ပျိုးရေးလုပ်ရန် အခက်အခဲဖြစ်နေရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ လုံးဟီႏ(စံဖူး)ရွာတွင် စက်တင်ဘာ ၁၁ ရက်နေ့ ၂၀၂၄ခုနှစ်က တောင်ကျရေအဆမတန် စီးဆင်းလာမှုကြောင့် နေအိမ် (၄ ) လုံးနှင့် လူ (၆) ဦး ရေထဲမျောပါသေဆုံးခဲ့ပါသည် ။
PPV0010
ပုံ-CJ
#လူ့အခွင့်အရေး
#ရေကြီး
#မြေပြိုခဲ့ခြင်းကြောင့်
#မဲနယ်တောင်ဒေသတောင်သူများ
#ခြံအတွင်းဖုံးလွမ်းနေသည့်မြေစာပုံများ
#ကျောက်တုံးများ
#တူးဖော်ရှင်းထုတ်ရန်
#ဘတ်ဖိုးခကုန်ကျစရိတ်
#ဈေးနုန်းကြီးမြှင့်သဖြင့်
#စိုက်ပျိုးရေး