ခမ်းသားငေါဝ်း
ဇန်နဝါရီ ၆၊ ၂၀၂၅
နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦးခန့်လွတ်ပေးခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး အဖြစ် တာဝန်ယူထားသည့် ဇော်မင်းထွန်းက ပြောကြားထားသော်လည်း မြေပြင်ဒေတာအရ နိုင်ငံရေးအကျဉ်းသား အမှန်တကယ် ၃၀၀ ကျော်သာလွှတ်မြောက်ခဲ့ကြောင်း မြန်မာဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ဖော်ထားပါသည်။
၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဇန်နဝါရီလ(၄)ရက်တွင် အကျဉ်းသား (၅၈၆၄ ဦး)လွှတ်ပေးခဲ့ကြောင်းနှင့်လွှတ်ပေးသည့်အထဲ၌ ၅၀၅ ပုဒ်မ ၆၀၀ ဦးခန့်လွတ်ပေးခဲ့ကြောင်း စစ်ကောင်စီကဆိုထားသည်၊၊
နိုင်ငံရေးအကျဉ်းသားလွှတ်မြောက်သူစာရင်းအား PPNM က မြန်မာနိုင်ငံတစ်ဝှမ်းရှိအကျဉ်းထောင်(၄၀)ကျော်ကို စောင့်ကြည့်ကောက်ယူခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား (၂၀၈)ဦး အကျဉ်းသူ (၁၃၁)ဦး စုစုပေါင်းနိုင်ငံရေးအကျဉ်းသား(၃၄၄)ဦး သာလွတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီထုတ်ပြန်ထားသည့် အရေအတွက်ထက် များစွာ လျော့နည်းသည်ကို တွေ့ရှိရပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုစာရင်းဖုံးကွယ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံရေးအကျဉ်းသား(၆၀၀)ခန့် လွတ်ပေးခဲ့ဟန် ပြောဆိုခဲ့ခြင်းသာဖြစ်သည်ဟု PPNM ကထုတ်ပြန်ရေးသားထားသည်။
မြန်မာဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ စာရင်းအရ သရက်၊ဂန့်ဂေါအချုပ်၊ကော့သောင်း၊လွိုင်ကော်၊ပုသိမ်၊ နေပြည်တော်(ပျဥ်းမနား) ၊ မန္တလေးလူငယ်သင်တန်းကျောင်း�၊ပုသိမ်လူငယ်သင်တန်းကျောင်း�၊သံလျင် လူငယ်သင်တန်းကျောင်း�၊မော်လမြိုင်အကျဉ်းထောင်၊မြောင်းမြထောင်များ၌ နိုင်ငံရေးအကျဉ်းသားမပါဝင်ခဲ့ကြောင်းထုတ်ပြန်ထားပါသည်။
PPV0013