ခမ်းသားငေါဝ်း
ဇန်နဝါရီ ၇၊၂၀၂၅
ရှမ်းပြည်နယ်မြို့တော် ၊ တောင်ကြီး မြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး နေ့လည်ခင်း ၁ နာရီ ခန့်သာ မီးပေးနိုင်တော့ကြောင်း သိရသည်၊။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ အစောပိုင်း မှ စတင်ကာ တစ်ရက်လျှင် နေ့လည်ခင်း တစ်နာရီခန့်သာ မီးပေးနိုင်ပြီး ညပိုင်း လူအိပ်ချိန် မှသာလာကြောင်း သိရသည်။
“အခု နေ့လည်ခင်း ၁၂ နာရီ လောက်လာတယ်၊ တစ်နာရီကျော်လောက်ပဲပေါ့၊ ပြီးရင်ပြန်ပျက်သွားတယ် လာတော့လည်း မီးအား မပြည့်ဘူး၊ ၆၀ ကျော် လေး ပဲ ရှိတယ်၊ အားသွင်း စက်တွေ လောင်ကုန်တယ်၊ အားသွင်းဘတ္ထရီတွေ လောင်ကုန်တယ်၊ အင်ဘာတာ တလုံးလဲ လောင်သွားတယ်၊ မပြင်နိုင်တော့ဘူး၊ ညဘက်ဆိုရင်တော့ လူအိပ်ချိန်ဆိုရင် မီးလာပြီ မိုးလင်း ကျောင်းသွားချိန်ဆိုရင်ပျက်သွားပြီ၊ တော်တော်လေး ဆိုးနေပြီ” ဟု တောင်ကြီးရပ်ကွက် နေ ပြည်သူတစ်ဦးကဆိုသည်၊။
လျှပ်စစ်မီး ပြတ်တောက်ခြင်း ကြောင့် အလုပ် အကိုင် များလည်း ထိခိုက်ကာ ၊ မီးဖြင့် လုပ်ကိုင် ရသော လုပ်ငန်းများလည်း နှောင့်နှေးရပ်ဆိုင်းမှု ရှိကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလျော့နည်းလာသဖြင့် နာရီ အနည်းငယ်သာ အလှည့်ကျစနစ် ပေးနေ ရကြောင်း ကြားသိရသည်၊။
လျှပ်စစ်မီး ပြတ်တောက်ခြင်း ကြောင့် တယ်လီဖုန်း အမ်ပီတီ လိုင်းများလည်း မမိတစ်ချက် ဖြစ်နေပြီး ဖုန်းပြောနေရင်း ပြတ်တောက်မှု ရှိနေကြောင်း ဇန်နဝါရီလ ၆ ရက် တွင် သိရသည်၊။
၂၀၂၅ ခုနှစ် နှစ်စပိုင်းတွင်ပင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တစ်ရက်လျှင် မဂ္ဂါဝပ် ၂၀၀၀ အောက်သာ ထုတ်လုပ် နိုင်သဖြင့် အလှည့်ကျ စနစ် ပေးနေရ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
#ppv006
#လျှပ်စစ်မီး
#Taunggyi
#မီးပျက်