ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၊ ၂၀၂၅

ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ အနီးတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်း-ကရင်နီ(ကယား)နယ်စပ်၊ ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာအနီးတွင် ယနေ့ည ၅ နာရီခွဲအချိန်ခန့်၌ စစ်ကောင်စီက လေယောဥ်ဖြင့် ဗုံးကြဲခဲ့သည်။

”ငါးနာရီခွဲအချိန်လောက်ကြဲသွားတာ အသံကြားရသလောက်တော့ ၆၊၇ လုံးလောက်ကြဲသွားတယ်၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူးဟု” ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ်ကို ခမ်းသားငေါဝ်းအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီက ပီကင်းကျေးရွာစျေးအနီး၌ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပုံစာ- ပုံဟောင်း

#PPV 003
#Humanright
#ပီကင်း
#လေယာဥ်ဗုံးကြဲ
#ဖယ်ခုံ

ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1 ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။