ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၊ ၂၀၂၅

ထိုင်းနိုင်ငံတွင်အလုပ်လုပ်သည့်ပအိုဝ်းလင်မယား နှစ်ဦးကို ထိုင်းလူငယ် ကျောင်းသားတစ်ဦးက လုပ်​ကြံသတ် ဖြတ်၍ အမျိုးသမီးဖြစ်သူသေဆုံးသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်၊ ဘန်ဖီမြို့ရှိ ထိုင်းနိုင်ံရောက် ပအိုဝ်းလင်မယားနေထိုင်သည့်အဆောင်တွင် ဇန်နဝါရီ ၂ ရက်နေ့က အသက် ၁၇ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦး ပစ္စည်းခိုးရန်ကြံစည်ရာမှ အမျိုးသမီး ဖြစ်သူကို ဓားဖြင့်ထိုသတ်ခဲ့ပြီး အမျိုးသားဖြစ်သူကပြန်ခုခံရာမှ အပြင်းအထန် ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်သည် ထိုင်းလူငယ်က ပုံမှန်ဝင်နေကြ တံခါးမှ မဝင်ဘဲ အပေါ် အပေါက်မှ ဝင်လိုက်ထွက်လိုက် လုပ်နေချိန်ယောက်ျားဖြစ်သူ တွေ့ရှိသွားပြီး ထိုင်းလူငယ်ကို မေးမြန်းကာလက်သီးဖြင့်အရင်ထိုးလိုက်ခြင်းမှ ရန်မူခံရပြီးညအချိန်တွင်သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်းသိရ သည်။

“ထိုင်းကောင်လေးက ညဖက် ပြန်လာတယ်၊ အဲ့အချိန် မိန်းမဖြစ်သူ အိမ်သာသွားချိန် မိန်းမဖြစ်သူအော်သံကြားပြီး သွားကြည့်တော့ ထိုင်းကောင်လေးက သူမိန်းမကို ဓားနဲ့လည်ပင်းမှာ ထိုးလိုက်တယ်။ သူမိန်းမဆီပြေးသွားပြီး ရှိတဲ့ အဝတ်စနဲ့ သူ့မိန်းမလည်ပင်းကို ပတ်ပေးတယ် အနောက်ကနေထိုင်းကောင်လေးကသူ့ကိုဓားနဲ့ပြန်ထိုးတယ်” ဟု ဖြစ်စဉ် သိရှိသူကပြောသည်။

အမျိုးသမီးသည်လည်ပင်းနှင့် ဗိုက် ဓားထိုးဒဏ်ရာနှင့် နဖူးတွင် ဓားထိုးဒဏ်ရာတစ်ချက် အပြင်းအထန် ရရှိခဲ့ပြီး ဆေးရုံးရောက်ချိန် အသက်မမှီဘဲသေဆုံး ခဲ့ကြောင်းသိရသည်။

ယောက်ျားဖြစ်သူက သူ့အမျိုးသမီးသွေးတိတ်ရန်လုပ်ဆောင်ချိန် ထိုင်းကောင်လေးကအနောက်မှ ဓားထိုးမှုပြုလုပ်ရာ ပြန်လည်ခုခံပြီး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယောကျ်ား ​ဖြစ်သူသည် လည်ပင်း၌ ဓားထိုးဒဏ်ရာနှစ်ချက်နှင့် ခေါင်းတွင် ဒဏ်ရာရရှိကာ ဆေးကုသခံယူနေကြောင်းသိရသည်။

ထိုပအိုဝ်းလင်မယားသည်ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကောင်ပန်းတင်ကျေးရွာဇာတိဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်၊ ဘန်ဖီမြို့တွင် မြန်မာလုပ်သားများနှင့် စက်ရုံအလုပ်သမားများ အများစုနေထိုင်ကြသဖြင့် ၎င်းနေရာသည် လူအခွင့်အရေး၊အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုလည်း ရှိခဲ့ကြောင်းသိရသည်။

photo credit
#ppv013
#မှုခင်း
#လူသတ်မှု
#ထိုင်းနိုင်ငံ

ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1 ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။