ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၊ ၂၀၂၅
အမျိုးသားညီညွှတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလသည် ၎င်းတို့ထိန်းချုပ်ထားသည့်နယ်မြေအသီးသီးရှိ အကျဉ်းထောင်များ၌ အကျဉ်းသား/သူ ၁၆၉ ဦးအား လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ကြောင်းဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် နှစ်သစ်အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားခြင်းအားဖြင့် လွှတ်ငြိမ်ခွင့်ပြုကြောင်း ဆိုထားသည်။
အကျဉ်းသား/သူ ၁၆၉ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက် ကြောင်းနှင့် ကျန်အကျဉ်းသား/သူများကို ၎င်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံတစ်ပုံအား လျှော့ပေါ့ကျစေပြီး ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်ကြောင်း ထုတ်ပြန်ထားပါသည်။
PPV0013
ပုံ-NUG
#လူ့အခွင့်အရေး
#အမျိုးသားညီညွှတ်ရေးအစိုးရ
#နိုင်ငံတော်ယာယီသမ္မတ
#ဒူဝါလရှီးလ
#အကျဉ်းထောင်များ
#အကျဉ်းသား၊သူ
#လွတ်ငြိမ်းသက်သာခွင့်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။