ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၊ ၂၀၂၅

နောင်တရားမြို့၊ (ဒဲဥ်သီႏဗွေကွင်ꩻ)တပေါင်းကွင်းတွင် ကျန်ရှိနေသေးသည့် သက်ကြီးရွယ်အိုစစ်ရှောင်များအတွက် စောင်နှင့်အနွေးထည်များ အရေးပေါ်လိုအပ်နေသေးကြောင်း ဇန်နဝါရီလ(၂)ရက်နေ့တွင် စစ်ရှောင်ပြည်သူတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊(ဒဲဥ်သီႏဗွေကွင်ꩻ)တပေါင်းကွင်းတွင် ကျန်ရှိနေသေးသည့် သက်ကြီးရွယ်အိုစစ်ဘေးရှောင် (၂၀၀)ကျော်အတွက် စောင်နှင့်အနွေးထည်များအရေးပေါ်လိုအပ်နေပြီး အလှူရှင်များလာ‌ရောက်မှုလည်းမရှိကြောင်း သိရသည်။

“အဲ့ဘက်ဒေသကအရမ်းအေးတော့ သက်ကြီးရွယ်အိုတွေအတွက် စောင်တွေအနွေးထည်တွေတော့ အရမ်းလိုအပ်နေသေးတယ် အလှူရှင်တွေကလည်းမရှိ တစ်ချို့ဆိုအဝတ်အစားနဲနဲပဲပါလာကြ အိမ်မှာကျန်ခဲ့တဲ့ဟာတွေလည်း သူများအကုန်ယူလိုက်ပြီဆိုတော့ မရှိတော့ဘူး စောင်တွေအင်္ကျီတွေကအစပေါ့” ဟုစစ်ဘေး‌‌ရှောင်‌ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများငြိမ်သက်နေပြီဖြစ်သော်လည်း သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များကိုတော့ နေအိမ်ပြန်ခွင့်မပေးထားသေးသဖြင့် ကျန်ရှိနေရကြောင်း သိရသည်။

ပင်လောင်းတောင်ဘက်‌နေအိမ်ပြန်သည့်စစ်ဘေး‌ရှောင်‌ဒေသခံများကိုလည်း PNOပြည်သူ့စစ်က စစ်ထဲအကုန်ဝင်ခိုင်းသည့်အတွက် အခက်အခဲများလည်းရှိနေကြောင်း သိရသည်။

#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#နောင်တရားမြို့
#ဒဲဥ်သီႏဗွေကွင်ꩻ
#တပေါင်းကွင်း
#သက်ကြီးရွယ်အိုစစ်ဘေးရှောင်
#စောင်နှင့်အနွေးထည်များအရေးပေါ်လိုအပ်နေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။