ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၊ ၂၀၂၅

ဖမ်းဆီးခံနေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် ဖိအားပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

‌ထိုအပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအဝိုင်းများအနေဖြင့် စစ်ကောင်စီအကြမ်းဖက်ကျူးလွန်နေတဲ့အပေါ်ကို တရားဝင် ဖြစ်ခွင့်ဘယ်နည်းနဲ့မှ မပေးဖို့နဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်တာတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာရေး ဝိုင်းဝန်းကြိုးပမ်းကူညီကြဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သံတိုင်နောက်က ဘဝများဆိုတဲ့ အမည်နဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၇၉၁ဦးရှိခဲ့ကြောင်း၊ ရဲစခန်းတွေမှာ သေဆုံးသူ ၁၂ဦး၊ စစ်ကြောရေးမှာ သေဆုံးသူ ၁၅ဦး၊ အကျဉ်းထောင်အတွင်းမှာ သေဆုံးသူ ၃၁ဦးရှိကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ရဲစခန်းတွေ၊ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ် နှောင်ထားပြီး စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ နည်းမျိုးစုံသုံးဆောင် ရွက်နေတယ်လို့ဆိုထားပါတယ်။

PPV010
ပုံ-AAPP
#လူ့အခွင့်အရေး
#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
#ဒေါ်အောင်ဆန်းစုကြည်
#သမ္မတဦးဝင်းမြင့်
#နိုင်ငံရေးအကျဉ်းသားအားလုံး
#အမြန်ဆုံးပြန်လွှတ်ပေးရေး
#နိုင်ငံတကာအသိုင်းအဝိုင်း
#ဖိအားပေးဖို့
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#AAPP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။