ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၊ ၂၀၂၅
စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ ၂ သောင်း ၂ ထောင် ၇၆၅ ဦးထိရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇန်နဝါရီလ ၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
မတရားစစ်မှုထမ်းဥပဒေကိုအကြောင်းပြကာ စစ်ကောင်စီမှ လူ့အခွင့်အရေးချိုးဖောက်မှု ၁၁၆၀ ကြိမ်ကျူးလွန်ခဲ့ပြီး၊ စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံရသူ ၂၂၇၆၅ ဦးထိရှိလာသည်။
စစ်ကောင်စီ သည် စစ်မှုထမ်းရန်အတွက် လူငယ်များကို တိုင်း နဲ့ ပြည်နယ်အသီးသီးတွင် လစဥ် ဖမ်းဆီးမှုများပြုလုပ်နေပြီး ရခိုင် ပြည်နယ်တွင် ဖမ်းဆီးခံရသူ စုစုပေါင်း ၃၈၄၉ ဦးဖြင့် အများဆုံးဖြစ်ကြောင်းသိရသည်။
တိုင်းနှင့်ပြည်နယ်အလိုက်ဖမ်းဆီးခံရသူဦးရေများမှာ မန္တလေးတိုင်းတွင် ၃၇၀၉ ဦး၊ ဧရာဝတီတိုင်းတွင် ၃၂၁၄၊ ပဲခူးတိုင်းတွင် ၂၅၇၂ ဦး၊ ရန်ကုန်တိုင်းတွင်၊ ၂၂၃၉ ဦး၊ မကွေးတိုင်းတွင် ၁၈၇၃ဦး၊ တနင်သာရီတိုင်းတွင် ၁၅၆၀ ဦး၊စစ်ကိုင်းတိုင်းတွင် ၁၄၇၆ဦး၊ နေပြည်တော်တွင် ၇၇၁ ဦး၊ ကရင်ပြည်နယ်တွင် ၆၉၆ဦး၊ မွန်ပြည်နယ်တွင် ၃၆၅ ဦး၊ ရှမ်းပြည်နယ်တွင် ၃၀၉ ဦး၊ ကချင်ပြည်နယ်တွင် ၂၂၄ ဦး နှင့် ချင်းပြည်နယ်တွင် ၆ ဦးတို့ဖြစ်ကြောင်းအချက်အလက်တွင် ဖော်ပြထားသည််။
PPV 003
ပုံ”အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီး
#ဖမ်းဆီးခံရသူ
#အမျိုးသားညီညွတ်ရေးအစိုးရ
#NUG
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။