Month: December 2024

တောင်သူများ တောင်ယာသွားသည့် လမ်းမကြီးဘေးနား မိုင်းတွေ့ရှိ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၊ ၂၀၂၄ မိုင်းနောင်မြို့နယ်ခွဲ မိုင်းယန်းအုပ်စုနှင့် ဝမ်စိမ်းအုပ်စုရှိ ရွာသားများ တောင်ယာသွားသည့် လမ်းမကြီးဘေးတွင် မြေမြုပ်မိုင်း တွေ့ရှိကြောင်း ဒီဇင်ဘာ(၂)ရက်နေ့ ၌ စုံစမ်းသိရသည်။ ‌ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ၊ မိုင်းယန်းအုပ်စုရှိ ရွာက က‌လေးများ ဒီဇင်ဘာလ (၁)ရက်‌နေ့က နွားကျောင်းသွားရာ တောင်ယာသွားသည့်လမ်းဘေးတွင် မှိုင်းတွေ့ရှိခဲ့ပြီး မသင်္ကာလို့ ရွာသူကြီးကို ပြန်လာပြောရာ ဒီဇင်ဘာလ…

ထီးစဲခါးကျောင်းဆရာတော်ကားကို စစ်ကောင်စီပစ်ခတ်၍ ဆရာတော်ပျံလွန်တော်မူပြီး ယာဥ်ပေါ်ပါအခြားဆရာတော် ၂ ပါးဒဏ်ရာရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၊ ၂၀၂၄ ဆီဆိုင်မြို့ကိုတက်လာသည့် ထီးစဲခါးရေတံကခွန် ကျောင်းဆရာတော်ကားသည် ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ် အောင်ကလပ်ကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ်၍ ဆရာတော်တပါးပျံလွန်တော်မူပြီး အခြားဆရာတော် ၂ ပါးဒဏ်ရာပြင်းထန်စွာ ရခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် အောင်ကလပ်ရွာတွင်နိုဝင်ဘာ ၃၀ မနက် ၈ နာရီဝန်းကျင်ကထီးစဲခါးရေတံခွန်ကျောင်းက ကျောင်းထိုင်ဆရာ တော်အပါအဝင် သံဃာတော် ၃ ပါးကား ဆီဆိုင်ဘက်ကိုလာနေစဥ်အောင်ကလပ်ကျေးရွာ၌ တပ်စွဲထားတဲ့…

ကရင်ပြည်နယ်နှင့် သထုံဒေသရှိပအိုဝ်းရွာများတွင် နဝမအကြိမ် ပအိုဝ်းနှစ်သစ်ကူးနေ့ကျင်း

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၊ ၂၀၂၄ ကရင်ပြည်နယ် သာမညဒေသနှင့် (သုဝဏ္ဏခမ်း)သထုံဒေသတွင် နဝမအကြိမ် ပအိုဝ်းနှစ်သစ်ကူးကို ယနေ့တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ပအိုဝ်းနှစ်သစ်ကူးနေ့ကို သထုံပြည့်ရှင် သက္ကရာမင်းကြီး၏သားတော် သူရိယစန္တာမင်း သုဝဏ္ဏဘူမိသထုံပြည်တွင် စိုးစံစဉ်ကာလ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်အား ဖူးမျှော်လိုသည့် စိတ်ဆန္ဒကြောင့် မြတ်စွာဘုရားသထုံပြည်သို့ ကြွရောက်ပါရန် အဓိဌာန်ပြုပင့်လျှောက်ခဲ့ခြင်းကြောင့် မဟာသက္ကရာဇ် ၁၀၅ ခုနှစ်နတ်တော်လဆန်း ၁ ရက်နေ့ စနေနေ့တွင် ဗုဒ္ဓမြတ်စွာ…

RCSS မှ နားပုံ အုပ်ချုပ်ရေးမှူးကိုလုပ်ကြံ သတ်ဖြတ်ပြီး တွဲဖက်စာရေးဖြစ်သူကိုဖမ်းဆီးသွားကြောင်း SSPP ပြောဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် နားပုံကျေးရွာ အုပ်စုမှ အသက်(၂၈)နှစ်အရွယ်ရှိ အုပ်ချုပ်ရေးမှူးကို (RCSS) တပ်ဖွဲ့မှ သတ်ဖြတ်ပြီး တွဲဖက် စာရင်းဖြစ်သူကို ဖမ်းဆီးသွားကြောင်း SSPP Info က ဒီဇင်ဘာ(၁)ရက်နေ့ ထုတ်ပြန်ထားသည်။ နိုဝင်ဘာ(၃၀) ရက် ည (၇)နာရီခွဲ အချိန်တွင်အုပ်ချုပ် ရေးမှူး တာဝန်ထမ်းဆောင်သူ စိုင်းစံအောင်…

(ချို့ꩻထီဟမ်ႏဖြေင်း)ဆတ်သေနှင့်မြေမဲရွာတွင် SSPP/SSA မှ ဂိတ်ဖွင့်ပြီးနေ့စဉ်စစ်ဆေးမှုပြုလုပ်နေ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၊ ၂၀၂၄ ရပ်စောက်မြို့နယ် (ချို့ထီဟမ်ႏဖြေင်း)ဆတ်သေနှင့်မြေမဲရွာတွင် SSPP/SSA က ခြံသွားသည့် ဒေသခံရွာသားများကို ဂိတ်ဖွင့်ပြီး နေ့စဉ်စစ်ဆေးမှုပြုလုပ်နေသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေမြေမဲကျေးရွာတို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှခြံသွားသည့် ဒေသခံများအား အသွားကော်အပြန်ကော်စစ်ဆေးမှုပြုလုပ်နေသည်။ “လူတစ်ယောက်တည်းပဲကို အသွားလည်းစစ်၊ အပြန်လည်းစစ် လွယ်အိတ်ထဲဘာပါလဲ ထုတ်ပြရတယ် ပလိုင်းတွေထဲဘာပါလဲ သွန်ပေးရတယ်။ ပြီးတော့ဆိုင်ကယ်…

PNO ပြည်သူ့စစ်က ဟိုနမ့်ဒေသရှိ ရွာသားကိုဖမ်းဆီးပြီး နေအိမ်များပါမီးရှို့ဖျက်ဆီးမှုပြုလုပ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၃၀၊ ၂၀၂၄ ဟိုနမ့်ဒေသ၊ ထီဖက်နမ်ကျေးရွာတွင် ပအိုဝ်းလက်နက် ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားရာမှ PNO ပြည်သူ့ စစ်က ရွာသားကိုဖမ်းဆီးပြီး နေအိမ်များပါမီးရှို့ဖျက်ဆီးမှုပြုလုပ်သွားကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသ၊ ထီဖက်နမ်ကျေးရွာရှိ နေအိမ် ၃ လုံးကို စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်က နိုဝင်ဘာလ၂၈ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ထီဖက်နမ်ဒေသခံ ၄…

You missed