ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၇၊ ၂၀၂၄
မိုင်းသောက်အင်းရှိ ရေဘေးသင့် နေအိမ်များကို ပြန်လည်ထူထောင်ရန် ပင်းတယ မီးအိမ်ရှင် ဆရာကြီး ဒေါက်တာ သန်းမင်းထွဋ် တတိယကြိမ်မြောက်အလှူ အဖြစ် နေအိမ် ၅ လုံး ထပ်မံ လှူဒါန်းခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရေးဘေးသင့်အင်းလေးကန်အတွင်း ဆရာကြီး ဒေါက်တာ သန်းမင်းထွဋ် တစ်လတစ်ကြိမ် ၅ အိမ်နှုန်းဖြင့်ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်ပြီး စုစုပေါင်း နေအိမ် ၁၅ လုံး ကို လှူဒါန်းနိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။
” မိုင်းသောက်အင်းထဲက ရေမြုပ်ပြီး ပျက်စီးတဲ့ နေအိမ်တွေကို ကျေးရွာကော်မတီ တွေက ရွေးပြီးတင်ပြချက်အရဆောင်ရွက်တာပါ။ ကျန်းမာရေး ချို့တဲ့သူ၊ အသက်ကြီးပြီး လိုအပ်ချက်များတဲ့ အိမ်ထောင်စုတွေကို ရွေးချယ်ပြီး နေအိမ် တည်ဆောက်ပေးတာပါ။”ဟု မိုင်းသောက်အင်း ကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။
ဆရာကြီး ဒေါက်တာ သန်းမင်းထွဋ် ၏လှူဒါန်းမှုဖြင့် ၁၀ အိမ်ကို ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ပြီး မိုင်းသောက်အင်းတွင်ရေဘေး၊လေဘေးကြောင့် နေအိမ်ပေါင်း ၂၀ ဝန်းကျင် ပျက်စီးခဲ့ကြောင်း ပျက်စီးခဲ့သည့် စိုက်ခင်းများကို ခုချိန်ထိ လုပ်ငန်း ပြန်စရန် မလွယ်သေးကြောင်းသိရသည်။
တတိယအကြိမ်မြောက်တွင် ငွေကျပ် သိန်း ၁၀၀ ကို မိုင်းသောက်ကျေးရွာ ဘုရားအနောက်တောင်ကျောင်း ဆရာတော်၏ ဩဝါဒ ကို ခံယူပြီး မိုင်းသောက်အင်း အိမ်ဆောက်ပြုပြင်ရေး ကော်မတီ များထံသို့အင်းသား စာပေယဉ်ကျေးမှု အသင်း ဥက္ကဌ ဆရာကြီး ဦးတက်ထွန်းက တာဝန်ယူ လွှဲအပ်ခြင်းကို အလှူခံ အိမ်ရှင် များ ရှေ့မှောက် တွင် ဒီဇင်ဘာလ ၂၅ ရက်၌ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်းလေးကန်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက် တွင် ရေဘေးသင့် ခြင်းကြောင့် စိုက်ခင်းများ နှင့် နေအိမ်များစွာ ရေကြီး နစ်မြုပ်၍ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။
လက်ရှိ အချိန်တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး မိုင်းသောက် အင်း အတွင်း ပျက်စီးသွားသော နေအိမ်များကို အလှူရှင်များက စုပေါင်း၍ ပြန်လည် တည်ဆောက်ပေးခြင်း ရှိကြောင်းသိရသည်။
#ppv006
#ပြန်လည်ထူထောင်ရေး
#မိုင်းသောက်အင်း
#ဒေါက်တာသန်းမင်းထွဋ်
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။