ခမ်းသားငေါဝ်း
ဒီဇင်ဘာလ၊ ၂၈၊၂၀၂၄
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ် ပီကင်းစျေးအနီးတွင် စစ်ကောင်စီလေကြောင်းဖြင့်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စစ်ရှောင်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း-ကရင်နီ (ကယား) နယ်စပ် ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၇ရက်နေ့တွင် ဂျက်တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ကြောင်းသိရသည်။
“ကျနော်တို့အဲကနေပြန်လာတာနည်းနည်းစောသွား တာ မဟုတ်ရင်ကျနော်တို့လည်းထိမှာ၊အဲလမ်းကပြန်လာတာ ၅ မိနစ်လောက်စောသွားတာ”ဟုမြေပြင်ပြည်သူတဦးကခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီတပ်ကဒီဇင်ဘာ၂၇ ညနေ ၃ နာရီကျော် အချိန်၌ လူနေထူထပ်သည့် ပီကင်းစျေးအနီးကိုဗုံး ကြဲချခဲ့ပြီး နေအိမ်(၅)လုံး ပျက်စီးကာ၊ အသက် ၇၀ ကျော် အရွယ် အဖွားအိုတစ်ဦး နှင့် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်တစ်ဦးတို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့တွင်လည်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ရှိ ဆိုင်ခွန် (ရှမ်း) ကျေးရွာအနီးကို စစ်ကောင်စီတပ် လေယာဥ်ဖြင့် ဗုံး အလုံး (၄၀) ကျော်ကြဲချ ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် နွားကျောင်းသားတစ်ဦးသေဆုံးခဲ့ရသည်။
နိုဝင်ဘာ ၁၈ ရက်နေ့တွင်လည်း စစ်ကောင်စီသည် ဘန်ကောက် စစ်ရှောင်စခန်းကို လေကြောင်းဖြင့်ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံးရသလို၊ စက်တင်ဘာလ ၅ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုတွင်မူ ကလေးငယ်များအပါအဝင် ၉ဦးသေးဆုံးခဲ့ပြီး လူ၂၀ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။
#Photo-Credit
#ppv002
#Humanright
#တိုက်လေယာဥ်
#ပီကင်း
#ဖယ်ခုံ
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။