ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၇၊၂၀၂၄
တောင်ကြီးမြို့ အရိုးဂူကျောင်းအဝင်လမ်းတလျောက်မီးကြိုးကို ထပ်ခါထပ်ခါ ခိုးယူနေသည့် သူခိုးကို ဒီဇင်ဘာ ၂၇ ရက်မွန်လွဲ ပိုင်းကဖမ်းဆီးမိထားကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အရိုးဂူကျောင်းအဝင်လမ်းတလျောက်သွယ်တန်းထားသည့်မီးကြိုးကို ထပ်မံဖြုတ်ခိုးရန်ပြုလုပ်နေစဥ်ကျောင်းတိုက် မှ တာဝန်ရှိသူ များမှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
“အခုတော့ တစ်ယောက်ထဲ လာခိုးတာ မိတယ်၊ ၃ ကြိမ် တိုင်တိုင် မီးကြိုးတွေ ခိုးယူခံရတာပါ၊ အခုတော့ တာဝန်ရှိသူ ထံအပ်နှံလိုက်ပါပြီ၊၊ နေ့လည် ခင်း ဆွမ်းစားချိန် လာခိုးတာ ဖမ်းမိတာပါ၊ အခုတော့ မိသွားပါပြီ၊”ဟု ကျောင်းတိုက် တာဝန် ရှိသူက ပြောသည်။
တောင်ကြီးမြို့ အရိုးဂူ ကျောင်းတိုက်တွင် မီးကြိုး များ ဖြတ်ခိုးနေသည်မှာ ၃ ကြိမ် မြောက်ရှိပြီ ဖြစ်ပြီး စစ်ကောင်စီ၏လုံခြုံရေးရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများကအလေးပေးဖမ်းဆီးခြင်းမရှိခဲ့ပါ။
တောင်ကြီး မြို့နယ် နှင့် အခြားသော မြို့နယ် များတွင်လည်း ဆိုင်ကယ်၊မော်တော်ကားများ ခိုးယူခံရခြင်းများ မကြာခနကြုံတွေ့နေရပြီး ၊ တောင်ကြီး တွင်လည်း လွန်ခဲ့သော ရက်ပိုင်းက မော်တော်ကား တစ်စီး ခိုးယူခံရခြင်း ရှိကြောင်းသိရသည်၊။
#ppv006
#မီးကြိုးသူခိုး
#Taunggyi
#ဖမ်းမိ
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။