ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၇၊၂၀၂၄

တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း ရိုးမဘဏ်ရှေ့တွင် တွဲကားကျော်တက်ပြီးချိတ်မိရာမှတွဲကား နှစ်စီးကြားညှပ် သည့် ဆိုင်ကယ်ယာဉ်မောင်း အမျိုးသမီး သေဆုံးခဲ့ကြောင်း သိရသည်၊

ဒီဇင်ဘာလ ၂၆ ရက် ညနေပိုင်း ၆ နာရီ အချိန်ခန့် တွင် ရိုးမဘဏ်ရှေ့ လမ်းဆုံ နေရာ၌ ဆိုင်ကယ်တစ်စီးတွဲကားကိုကျော်စဥ်ချိတ်မိ၍ တွဲကား ၂ စီး ကြား ညှပ်ခံရသည့် မော်တော်ဆိုင်ကယ်မောင်းသူ အမျိုး သမီးတစ်ဦး သေဆုံး မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့ ညနေ ခင်း ၆ နာရီ လောက်က ဖြစ်တာပေါ့၊ အနောက် မြို့ပတ်လမ်း ကုန်သည်လမ်းနား လောက် မှာ တွဲကားတွေ ပိတ်နေတာ ဘာဖြစ်တာလဲ ဆိုတော့ ရိုးမဘဏ်နားမှာ တွဲကားကြားညှပ်ပြီး အမျိုး သမီး တစ်ဦး သေဆုံးသွားတာ ။ပလက်ဖောင်းပေါ် ကို ဆွဲ တင်ထားတာ တွေ့ တယ်၊”ဟု မြင်တွေ့ ခဲ့သူ တစ်ဦးက ပြောသည်၊

တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း အောက်ကွေ့ အနီးတွင် လမ်းပျက်ခြင်းကြောင့် မကြာခန ယာဉ် တိမ်းမှောက်မှုများ ကြုံတွေ့ နေရပြီး ယာဉ်လမ်း အန္တရာယ် ကြုံတွေ့နေရကြောင်း သိရသည်။

#ppv006
#မှုခင်း
#Taunggyi
#မတော်တဆ

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed