ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၆၊ ၂၀၂၄

မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းဖြင့်ဗုံးကြဲချမှုများကြောင့် ဒေသခံနေအိမ် ၅၀ ကျော်ပျက်စီးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့်ဗုံးကြဲချမှုကြောင့် ဒေသခံနေအိမ် (၅၀) ကျော် ပျက်စီးသွားသည်။

” ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်၊ စစ်ကောင်စီရဲ့ အခြေစိုက် ခမရ ၄၂၂ ကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်တယ် ပြီးတော့ ဒရုန်းတွေနဲ့ ဗုံးကြဲနေတယ်၊ သစ်ယာကုန်းနဲ့ ပေါ်ဦးရပ်ကွက်ဖက်မှာတော့ အိမ်တွေတော်တော် ပျက်သွားတယ်၊ ၅၀ ကျော်လောက်ပျက်စီးသွားတယ်လို့သိထားပါတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး စစ်ကြောင်းထိုးမှုများပြုလုပ်နေလျက်ရှိကာ တော်လှန်ရေးတပ်များနှင့် နေ့စဥ် ထိတွေ့တိုက်ပွဲဖြစ်နေကြောင်းသိရသည်။

PPV 003
ပုံ-Crd
#လူ့အခွင့်အရေး
#ရှမ်း-ကရင်နီ
#နယ်စပ်
#မိုးဗြဲမြို့
#တော်လှန်ရေးတပ်ဖွဲ့များ
#စစ်ကောင်စီတို့အကြား
#ထိတွေ့တိုက်ပွဲများဖြစ်ပွားနေ
#လက်နက်ကြီး
#ဒရုန်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed