ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၆၊ ၂၀၂၄
ပင်လောင်းမြို့နယ်တောင်ဘက်တွင် တိုက်ပွဲများငြိမ်သက်နေပြီဖြစ်သောကြောင့် ဒေသခံများ နေရပ်ပြန်နေကြပြီး ယောက်ျားလေးများက PNO ပြည်သူ့စစ်ထဲအကုန်ဝင်နေရကြောင်း ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက်တွင် ယခင်၌စစ်ကောင်စီ၊ လက်အောက်ခံ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယခုချိန်တွင် တိုက်ပွဲငြိမ်သက်နေပြီဖြစ်သည့်အတွက်ကြောင့် အသက်(၁၆)နှစ်မှ (၆၀)နှစ်အတွင်း နေရပ်ပြန်သည့် ဒေသခံယောက်ျားလေးများ PNO ပြည်သူ့စစ်ထဲ တပ်သားသစ်စုဆောင်းခံနေရသည်။
“ဒီမှာကယောက်ျားလေးတွေပြန်လာရင် PNO ထဲအကုန်ဝင်ရတယ် အသက်(၁၆)နှစ်ကနေ (၆၀)အထိလို့ သူတို့သတ်မှတ်ထားတယ် ဒီဗန်းမောက်ဘက်တစ်ကျောက ရွာတွေအကုန်လုံးဝင်ရတယ် ဘယ်နှစ်ရက် ဘယ်နှစ်လဝင်ရမယ်ဆိုတာမျိုးမရှိဘူး အခုသူတို့ခေါ်နေတာက တစ်ခါတည်း စစ်ထဲအပြီးဝင်ရတဲ့ပုံစံမျိုးပဲ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဒေသခံအများအပြားစစ်ထဲဝင်ရပြီး သေနတ်များလုံလောက်မှုမရှိသည့်အတွက် PNO ပြည်သူ့စစ်က ရွာအလိုက်အလှည့်ကျစနစ်ဖြင့် လက်နက်ပေးဆောင်ထားကြောင်းသိရသည်။
“အခုကဘယ်လိုမျိုးလည်းဆိုတော့ စစ်ထဲဝင်ရပြီဆိုတော့ တိုက်ပွဲကထပ်ဖြစ်လာမှာကိုကြောက်နေရတယ် စစ်သင်တန်းဆိုလည်းအကုန်မတက်ရဘူး တစ်ချို့ဆို တစ်ရက်ပဲတက်ရတာမျိုးလည်းရှိတယ် အဲ့ကြောင့်စိုးရိမ်နေပေမဲ့ တကယ်ဖြစ်လာရင်မတတ်နိုင်ဘူးလေနော်”ဟု ၎င်းကဆက်ပြောသည်။
ပင်လောင်းတောင်ဘက်ရှိဒေသခံအများစုသည် နေရပ်ပြန်လာနေထိုင်နေကြပြီဖြစ်ပြီး သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များကိုတော့ ပြန်လာခွင့်မပြုသေးကြောင်း သိရသည်။
#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရှမ်းပြည်နယ်တောင်ပိုင်း
#ပင်လောင်းမြို့နယ်တောင်ဘက်
#PNOပြည်သူ့စစ်
#တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့
#နေရပ်ပြန်သည့်ဒေသခံယောက်ျားလေးများ
#တပ်သားသစ်စုဆောင်းခံနေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7