ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၆၊ ၂၀၂၄

စစ်ကောင်စီကြောင့် (၂၀၂၄)ခုနှစ် အောက်တိုဘာ (၁)ရက်နေ့မှ ဒီဇင်ဘာ (၂၅)ရက်အထိ (၃)လအတွင်း လူ(၃၀၈)ဦး သေဆုံးခဲ့ရပြီး ထိုထဲတွင် အမျိုးသမီး (၁၂၅)ဦး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ထံမှ သိရသည်။

သေဆုံးသူများထဲတွင် ပညာရေး ကဏ္ဌမှ (၁၀)ဦး ပါဝင်ပြီး (၁၆၃)ဦးမှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ ဖြစ်သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း (AAPP) က ဖော်ပြထားသည်။

ထို့အပြင် ထိုသုံးလအတွင်း နိုင်ငံတဝန်း စစ်ကောင်စီမှ အမျိုးသမီး (၂၉)ဦးနှင့် အမျိုးသား (၈၄)ဦး စုစုပေါင်း (၁၁၃)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှ အများဆုံး ဖမ်းဆီးခံရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ အာဏာသိမ်းသည့် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့မှ (၂၀၂၄) ဒီဇင်ဘာ (၂၅)ရက်နေ့အထိ စစ်ကောင်စီကြောင့် ဒီမိုကရေစီလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၆၀၈၂)ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း (၂၈၀၂၅)ဦး ရှိကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများထဲမှ (၂၁၄၅၄) ဦးမှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲ ဖြစ်ကာ ထိုထဲမှ (၉၈၇၉) ဦးသည် ထောင်ဒဏ် ချမှတ်ခံထားရသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အမျိုးသမီးအခွင့်အရေး
#ပညာရေးကဏ္ဌ
#လေကြောင်းတိုက်ခိုက်
#AAPP
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed