ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၂၆၊ ၂၀၂၄

ရှမ်းပြည်နယ်ရှိ ကုန်စိမ်းတင်ပို့နေသည့်ကားများ ကျွဲတပ်ဆုံဂိတ်တွင် ပိတ်ဆို့မှုဖြစ်နေပြီး ကြန့်ကြာလာသဖြင့်ကုန်စိမ်းများ ပျက်စီးနေကြောင်း ကုန်စိမ်းကားနှင့် နီးစပ်သူထံမှသိရသည်။

ရှမ်းပြည်နယ်ထွက် သီးနှံများကို ရန်ကုန် ၊ မန္တလေး၊မကွေးတ်ိုင်းသို့ ပို့ဆောင်သည့် ကုန်စိမ်းကားများသည် သာစည်နှင့် ကလောကြားရှိ ကျွဲတပ်ဆုံ X-Ray ၌ အစစ်ဆေးခံရသဖြင့် အရင်လထက်ကားပိတ်ဆို့မှု ပိုမို ဆိုးရွာလာပြီး ကုန်စိမ်းများပျက်စီးမှုရှိနေသည်၊၊

“ကားကတော့ ပိတ်တာတော့ပိတ်တယ်၊ ဖြေးဖြေးချင်း သွားလို့တော့ ရပါတယ်။ အရင်က အဲ့လို့မပိတ်ပါဘူးအရင်က ခုလောက်မကြာဘူး” ဟု ကားလမ်း ခြေနေ သိရှိသူကပြောသည်။

ကုန်စိမ်းကားများသည် လမ်းတွင် အချိန်ကြာမြင့်စွာ နေရသဖြင့် ခရီးမပေါက်သည့်အတွက် ကုန်စိမ်းများသည် လမ်းပေါ်တွင် ပျက်စီး ရခြင်းမျိုးများကြုံတွေ့နေကြောင်း သိရသည်။

ယခုတွင် ရှမ်းမြောက်က ကားများနှင့် ရှမ်းတောင်တို့ပေါင်းသုံးရသည့်အတွက် ရှမ်းမြောက် ကကားနှင့်ရှမ်းတောင်ကားများ၊ ပြောင်းတင်သည့်ကားများဆုံပြီး တစ်တန်း ကြီးဖြစ်သွားသည့်အတွက် X-Ray ဂိတ် ဖြတ်သည့်အခါ အချိန်ကြာပြီး ပိတ်မိနေခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်၊၊

ကုန်စိမ်းတင်သည့်ကားများသည် ကျွဲတပ်ဆုံဂိတ်၌ ၂ ရက်ခန်ကြာ ပိတ်မိနေပြီး သွားလာ၍မရသဖြင့် ကုန်စိမ်းများ ပျက်စီးမှုရှိနေခြင်းကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း ကုန်စိမ်းဈေးများ ကျဆင်းမှုရှိနေကြောင်း သိရသည်၊၊

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကုန်စိမ်းများ
#ကျွဲတပ်ဆုံဂိတ်တွင်
#ပိတ်ဆို့မှုဖြစ်နေပ
#ကလော
#သာစည်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။