ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၃၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ရေလှကျေး ရွာတွင် တိုက်ပွဲ ဖြစ်ပွားပြီး ပြည်သူပိုင် နေအိမ်များကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီဇင်ဘာလ ၂၂ ရက် DSNDA သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ရွာငံမြို့နယ်၊ ရေလှကျေးရွာတွင်စစ်ကောင်စီတပ် အင်အား (၁၁၀)ခန့် မင်းပလောင်ကျေးရွာသို့ စစ်ကြောင်းထိုးမဝင်ရောက်မှီ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA မှ ဖျက်အားပြင်းပဒေသာမိုင်းများဖြင့်ကြားဖြတ် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်းဆက်လက်ထိုးဖောက်ဝင်ရောက်လာခဲ့ရာ နှစ်ရက်တိတိထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ (၂၂) ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီဖက်မှစစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူနေအိမ်အလုံး (၁၇၀)ခန့်အား မီးရှို့ဖျက်စီးခဲ့ကြောင်း ဆိုသည်။

တိုက်ပွဲတွင်စစ်ကောင်စီဖက်မှ ၃ ဦးခန့်ကျ‌ဆုံး၍ ၅ ဦးခန့်ဒဏ်ရာရခဲ့ပြီး၊ ဓနုတပ်တော် DSNDA ဖက်မှ ယခုချိန်ထိ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆက်လက်နေရာယူထားဆဲဖြစ်ကြောင်း စစ်ကောင်စီမှဆုတ်ခွာမှုမရှိသေးသည့်အတွက် တိုက်ပွဲများထပ်မံဖြစ်ပွားနိုင်ပါကြောင်း ပြည်သူလူထုကို အသိပေးထားသည်။

အဆိုပါ ရွာငံမြို့နယ်ရှိ ရေလှကျေးရွာတွင် ပြည်သူပိုင်နေအိမ်မီးရှို့ခံရမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများသည်စားဝတ်နေရေးနှင့်ကျန်းမာရေးအကြပ်အတည်းများရင်ဆိုင်နေရ ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

#PPV-006
#တိုက်ပွဲများ
#ရွာငံ
#DSNDA
#ရေလှ

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။