ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၃၊ ၂၀၂၄
ရွာငံမြို့နယ်စစ်ကောင်စီ၏ လက်းပါးစေပျူစောထီးနေအိမ်တွင် ဓနုပြည်နယ် အမျိုးသား ကာကွယ်ရေး တပ်ဦး(DSNDA) မှ ဝင်ရောက်စီးနင်းပြီး သေနတ်(၁)လက် နှင့် ကျည်ဆံများ သိမ်းဆည်းရမိကြောင်း ဒီဇင်ဘာ (၂၂)ရက်တွင်ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ရေလှကျေးရွာနေ ပျူစောထီး ခေါင်းဆောင် ဌေးလွင်သည် ပြည်သူကို သေနတ်နှင့် ချိန်ကာ ချိန်းခြောက်ခြင်း၊ ထိုးကြိတ်အနိုင်ကျင့်ခြင်း၊ ပြည်သူပိုင် ပစ္စည်း ခိုးယူခြင်း လုပ်ဆောင်သည့်အပြင် စစ်ကောင်စီ စစ်ကြောင်းထိုးသည့် အခါလည်း လမ်းပြ အဖြစ်ပါဝင်သူ ဖြစ်ကြောင်း သတင်းရရှိကာ ဒီဇင်ဘာ (၁၈)ရက်မှာ (DSNDA)မှ ဝင်ရောက်စီးနင်းခဲ့ကြောင်း ဖော်ပြထားသည်။
DSNDA တပ်ဖွဲ့မှ ဝင်ရောက်စီးနင်းချိန်တွင် ပျူစောထီးခေါင်းဆောင် ဌေးလွင်ဆိုသူက အိမ်မှာမရှိသည့်အတွက် လွတ်မြောက်သွားကြောင်း ဖော်ပြထားသည်။
PPV0011
ပုံ-Crd
#စစ်ရေး
#ရွာငံမြို့နယ်
#ရေလှကျေးရွာနေ
#ပျူစောထီးခေါင်းဆောင်
#DSNDA
#ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။