ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၃၊၂၀၂၄
ဖမ်းဆီးခံရ KIAဆေးတပ်သားအမျိုးသမီးတစ်ဦး မတရားအသင်းပုဒ်မဖြင့် တောင်ကြီးမြို့မရဲစခန်းက တရားစွဲဆိုထားကြောင်းဖြစ်စဥ်သိသူ သတင်းရင်းမြစ်ထံကသိရသည်။
ဒီဇင်ဘာ ၁၆ ရက်၊ ည ၁၀နာရီခန့်က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပန်းလှိုင်(ယခင် စိန်ဆေးရုံ)ကို အမှတ်(၁) ရဲစခန်းမှ ရဲများဝင်ရောက်ရှာဖွေပြီး KIA စစ်ဒေသ တပ်မဟာ (၆)၊ တပ်ရင်း(၉)မှ ဆေးတပ်သားအမျိုးသမီး Lahtaw Roi Seng Zin မဆိုင်းဇင် နှင့်အခြားလူနာစောင့်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။
“မြို့ပေါ်မှာကလားရှိုး၊ လွိုင်ကော် စရဖတွေ အရပ်ဝတ်နဲ့ မနည်းဘူး၊ သူလျော့တွက်မိတာ သူကို Tik Tok ကနေလိုက်တာ၊ သူက location ပါတင်တော့ တန်းမိတာပဲ”ဟု သတင်းရင်းမြစ် ကပြောသည်။
သူမသည် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်ဘက်က KIA ဆေးတပ်ရဲမေတစ်ဦးဖြစ်ပြီး ပန်းလှိုင်ဆေးရုံ(ယခင် စိန်ဆေးခန်း)တွင် လူနာလာစောင့်ရင်းအဖမ်းခံရခြင်းဟုသိရသည်။
မဆိုင်းဇင်၏တည်နေရာကို ခြေရာခံခဲ့နိုင်သည်ဟု ယူဆရသည့် ဗီဒီယိုသည် ပန်းလှိုင်ဆေးရုံ ပြတင်းပေါက်မှ တောင်ကြီးမြို့ အပေါ်စီးမြင်ကွင်းကို ရိုက်ကူးထားခြင်းဖြစ်ကြောင်း၊ ရဲများစစ်မေးရာမှမဆိုင်းဇင်သည် KIA တွင် တာဝန်မထမ်းဆောင်တော့သည်မှာ ၉ လခန့်ရှိပြီဟု ကနဦးဖြေဆိုခဲ့သော်လည်း ဖုန်းကိုစစ်ဆေးရာတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း အချက်အလက်များတွေ့ခဲ့ပြီးနောက် ခွင့်မဲ့ပျက်ကွက်ပြီး ဆေးရုံလာစောင့်ခြင်းဟု ဝန်ခံခဲ့ကြောင်း မဲခေါင်သတင်းဌာန ကဖော်ပြထားသည်။
#ppv002
#KIA
#Humanright
#Taunggyi
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။