ခမ်းသားငေါဝ်း
ဒီဇင်ဘာလ ၂၃၊၂၀၂၄
ရှမ်းပြည်နယ်မြို့တော် ၊ တောင်ကြီးမြို့တွင် ဒီဇင်ဘာလ ၂၁ ရက် ညပိုင်း အချိန်က အိမ်ရှေ့ရပ်ထားသည့် Honda Fit မော်တော်ကား တစ်စီး ခိုးယူခံရကြောင်း ပိုင်ရှင်ထံမှ သိရသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့ ၊ နေအိမ်ရှေ့တွင် ရပ်ထားသော မော်တော်ကား ခိုးယူခံရပြီး နောက်တစ်နေ့ မနက်ရောက်တော့မှ ကားပျောက်မှန်း သိလိုက်ရခြင်း ဖြစ်ကြောင်း ပိုင်ရှင် အမျိုးသမီးက ဆိုသည်။
မော်တော်ကားအတွင်း မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် နှင့် စာရွက်စာတမ်းထည့်သော ပိုက်ဆံအိတ် လည်း ပါသွားပြီး ယာဉ်နံပါတ် 7I -2085 ဖြစ်ကြောင်း ၊ ဘယ်ဖက်ဘေးအခြမ်းတွင် တိုက်မိထားသဖြင့် ရှေ့ဘက် မီးခွက်ကွာနေကြောင်း၊ အရှေ့ခန်းမီးအပြာရောင် အနောက်ခန်းမီးက ပျက်နေကြောင်း၊ Driver Seat က ခါးပတ်ပျက်ပြီး ကြိုးအရှည်ကြီး ထွက်နေကြောင်း ၊ မော်တော်ကားကို တွေ့ရှိပါက အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံ တင်ပြထားကြောင်းပြော သည်။
“ အိမ်ရှေ့မှာ ရပ်ထားလို့ ပျောက်သွားတာပါ၊ ညီမ ကို သိတဲ့သူက ပဲခိုးတာလို့ တော့ ထင်ပါတယ်။ အခု အရေးတကြီး လိုက်လံ စုံစမ်းနေပါတယ်။ တွေ့ရှိခဲ့ရင်လည်း ဖုန်းနံပါတ်လေးကို အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံပါတယ်။ ”ဟု ယာဉ်ပိုင်ရှင် ဖြစ်သူက ပြောသည်။
တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ကာလ တွင်း မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှု များစွာ ကြုံတွေ့ခဲ့ရပြီး ၊ နောက်ပိုင်း ကာလ များတွင်လည်း ဆိုင်ကယ်ပျောက်ဆုံးမှုများ ရံဖန်ရံခါ ကြားနေရသေးကြောင်း သိရသည်။
လွန်ခဲ့သော နှစ်တွင် မော်တော်ကားပျောက်ဆုံးမှုများ ကြားခဲ့ရပြီး၊ ယခုနှစ်ကုန်ပိုင်း တောင်ကြီးတွင် မော်တော်ကား ပျောက်ဆုံးမှု ထပ်မံဖြစ်ပွား ရခြင်းလည်း ဖြစ်သည်။
ထို့ပြင် ရှမ်းပြည်တောင်ပိုင်း အခြားမြို့များတွင်လည်း သူခိုးများ၊ ဖုန်းအလစ်သုတ်သမားများ ၊ လူလိမ်များ ပေါများလာနေကြောင်း ကြားသိရပါသည်။
#PPV-006
#ကားသူခိုး၊
#Taunggyi
#Honda Fit
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။