ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၂၊ ၂၀၂၄
ရပ်စောက်မြို့နယ် ဆက်သေမြေမဲ(ချို့ꩻထီ၊ ဟမ်ႏဖြေင်း) သို့ ဘေးရွာမှ ကျောင်းသွားတက်သည့် မူလွန်နှင့်အထက်တန်း ကျောင်းသား/ကျောင်းသူများ သွားလာခွင့်လက်မှတ်အခွန်ခပေးဆောင်ရနေရကြောင်း ဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆက်သေမြေမဲ(ချို့ꩻထီ၊ ဟမ်ႏဖြေင်း) သို့ ဘေးရွာမှ ကျောင်းသွားတက်သည့် မူလွန်နှင့်အထက်တန်း ကျောင်းသား/ကျောင်းသူများ သွားလာခွင့်လက်မှတ်အခွန်ခ ပေးဆောင်နေရသည်။
“ရွာမှာပဲနေရင် ဘယ်မှမသွားရင် မပေးရဘူး ဆက်သေမြေမဲ(ချို့ꩻထီꩻ၊ ဟမ်ႏဖြေင်း) မှာကျောင်းသွားတက်တဲ့ ကလေးတွေကတော့ လက်မှတ်လုပ်ရတယ်” ဟု ဒေသခံတစ်ဉီးက ခမ်းသားငေါဝ်းကို ပြောသည်။
ဆက်သေမြေမဲ(ချို့ꩻထီꩻ၊ ဟမ်ႏဖြေင်း)ရွာအနီးတစ်ဝိုက်ရှိ ကျေးရွာတစ်ချို့ရှိကျောင်းတွင် မူလတန်းထိသာ ရှိနေကြပြီး မူလွန်နှင့် အထက်တန်းအား ဆက်သေမြေမဲ(ချို့ꩻထီꩻ၊ ဟမ်ႏဖြေင်း)သို့ ကျောင်းလာတက်ရခြင်းများရှိပြီး SSPP/SSA ထံတွင် သွားလာခွင့်လက်မှတ်အတွက် အခွန်ပေးဆောင်နေရကြောင်း သိရသည်။
“ရွာသားတွေ ခြံသွားသလိုမျိုး ကျောင်းသားတွေလည်း လက်မှတ်လုပ်ရတယ် ရွာသားတွေခြံသွားတဲ့ခါလည်း ထမင်းထုပ်ကို နည်းနည်းပဲထုပ်ခိုင်းတယ် ထမင်းထုပ်ကြီးရင် ပေးမယူသွားဘူး” ဟု ၎င်းကဆက်ပြောသည်။
SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ အုပ်ချုပ်ရေးဌာနမှထုတ်ပေးထားသည့် သွားလာခွင့်လက်မှတ်သည် ရှမ်းဘာသာ၊ မြန်မာဘာသာနှင့် တရုတ်စာ ဝ ဘာသာဟုယူဆရသည့် သုံးဘာသာနှင့်ထုတ်ထားခြင်းဖြစ်ကြောင်းသိရသည်။
ဆက်သေမြေမဲ(ချို့ꩻထီꩻ၊ ဟမ်ႏဖြေင်း)ဒေသတွင် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ အတွက် ဂိုဒေါင်သို့ တစ်ခါအတွက် သွားသွင်းရန်တင်ဆောင်သည့် ကဲန်တာ ၁၄ ပေတစ်စီး ၆ သောင်း၊ ထော်လာဂျီတစ်စီး ၄ သောင်း၊ ၂ သောင်းနှင့် PNO ပြည်သူ့စစ်အကြီးအကဲမိသားစုအပါအဝင် ရွာသားများအားလုံးနှင့် ကျောင်းသားများလည်း သွားလာခွင့်လက်မှတ်ခွန် တစ်ဦး ၃ ထောင်ကျပ်နှင့် ပေးဆောင်နေရကြောင်း သိရသည်။
PPV001
#လူ့အခွင့်အရေး
#ရပ်စောက်မြို့နယ်
#ဆက်သေမြေမဲ
#ချို့ꩻထီ
#ဟမ်ႏဖြေင်း
#ကျောင်းသွားတက်
#မူလွန်နှင့်အထက်တန်းကျောင်းသား/ကျောင်းသူများ
#သွားလာခွင့်လက်မှတ်
#အခွန်ခပေးဆောင်ရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။