The People’s Voice – ခမ်းသားငေါဝ်း
Fact Checking – အချက်အလက်စစ်ဆေးခြင်း
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နာဝါရီလ နှစ်အစပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်အာဏာရှင်တော်လှန်ရေး ကယား (ကရင်နီ) ပြည်နယ်၏ မြို့သိမ်းတိုက်ပွဲ ပြင်းထန်မှုသည် ကယား(ကရင်နီ)ပြည်နယ်ရှိ ပြည်သူများ ဆီဆိုင်မြို့ပေါ်နှင့် အခြားဘေးကင်းရာ နေရာအသီးသီးသို့ တိမ်းရှောင်လာခဲ့ကြသည်။
ဆီဆိုင်မြို့ပေါ်သို့ တိမ်းရှောင်လာကြသည့် ကယား(ကရင်နီ)ပြည်နယ်ရှိ ပြည်သူများကို သံဃာဆရာတော်နှင့် တက်ကြွသည့် ဒေသခံလူငယ်တို့မှ လူသားချင်းစာနာထောက်ထားမှုဖြင့် စစ်ဘေးတိမ်းရှောင်လာသူများကို စစ်ဘေးရှောင်စခန်းများ တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး အချိန်ကာလကြာ ကူညီစောက်ရှောက်မှုများ ပြုလုပ်ပေး ခဲ့ကြပါသည်။
ထိုဖြစ်ရပ်အပြီး အချိန်ကာလ (၃)နှစ်ကြာလာပြီးနောက် လက်ရှိအချိန်တွင် ထိုသို့ ကူညီစောက်ရှောက်ခဲ့မှုအတွက် စစ်ကောင်စီနှင့်လက်အောက်ခံ PNO ၏ ဝါဒဖြန့်လော်ဘီတို့က ၂၀၂၂ ခုနှစ် ဆီဆိုင်မြို့ ဘုရားဖြူစစ်ရှောင်စခန်း၏ ပုံအဟောင်းကို အသုံးပြု၍ ကယားပြည်သူများကို PNO ကယ်ထားစဥ်က မှတ်တမ်းဟု ဆိုကာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြန်လည်ဖော်ပြ ဖြန့်ဝေမှုများ ပြုလုပ်ထားပါသည်။
ထိုအကြောင်းအရာကို REGION (6) တယ်လီဂရမ် အကောင့်မှ Subscribers 328 ဦး ရှိသည့် PA-O Channel ကို အမည်ထပ်ပြောင်းထားသည့် REGION (6) မှ ဖြန့်ဝေထားခြင်းဖြစ်ပြီး ခမ်းသားငေါဝ်းအချက်လက်စစ်ဆေးနေချိန် ၌ ကြည့်ရှုသူ ၁၁၅ ဦး လိုက်နှင့်ရီလ်အက် ပြုလုပ်သူ ၁၂ ရှိနေပြီး ဖြစ်ပါသည်။
ဝါဒဖြန့်ချိသည့် တယ်လီဂရမ် လင့် – https://archive.ph/2ErbQ
ထို REGION (6) တယ်လီဂရမ် အကောင့်သည် ခမ်းသားငေါဝ်းအချက်လက်စစ်ဆေးရေးအဖွဲ့မှ လိုက်လံ စိစစ်သည့်အခါ စစ်ကောင်စီလက်အောက်ခံ PNO ပြည့်သူစစ်၏ လော်ဘီခွန်ဆန်းအောင်မှ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ဖန်တီးထားကြောင်းကို တွေ့ရှိရပါသည်။
ထိုဝါဒဖြန့်ချိထားသည့် အကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့မှ ဆီဆိုင် စစ်ရှောင်စခန်းတွင် ဦးဆောင်ကူညီလုပ်ဆောင်ခဲ့သူများထံသို့ ဆက်သွယ်စိစစ်သည့်အခါတွင် PNO ပြည့်သူ့စစ်မှ နာမည်ကောင်းဝင်ယူကာ ၄င်းတို့အဖွဲ့အစည်းမှ ကူညီခဲ့ဖူးသည်ဆိုသည့် အမြင်လွဲမှားမှုဖြစ်ရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရေးသားထားကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစစ်ဆေးချက်
ဆီဆိုင်ဘုရားဖြူစစ်ရှောင်စခန်းဓာတ်ပုံကို အသုံးပြုပြီး PNO က ကယ်ထားသည့် မှတ်တမ်းအပေါ် နာမည် ကောင်းဝင်ယူပြီး ဝါဒဖြန့်ချိထားမှုကို ဆီဆိုင်စစ်ရှောင်စခန်းတွင် ဦးဆောင်လုပ်ဆောင်ပေးခဲ့သူ အမျိုးသားတစ်ဦး ၏ ပြန်လည်ပြောကြားချက်မှာ “ဆန်အောင်ကတော့ အရင်ကတည်းက သူများဓာတ်ပုံတွေ ယူသုံးတယ် ယူတင်တယ် သူတို့လုပ်တယ်ဆိုပြီးတော့ပေါ့ အဲတာသူတို့လုပ်တာမှ မဟုတ်တာ ကျတော်တို့ လုပ်ထားတာကြီးပဲ အဓိက ဦးဆောင်လုပ်တာတော့ ကျတော်ပေါ့လေ နောက်မှာတော့ ရပ်မိရပ်ဖတွေ ရွာသူကြီးတွေ တက်ကြွ တဲ့လူငယ်တွေ သံဃာတော်တွေလည်းပါတာပေါ့လေ ရေရှည်က ကျတော်တို့လူငယ်တွေဘဲ ဆက်လက် လုပ်ဆောင်ကြတယ် ဆန်းအောင်က ငါတို့လုပ်ထားတဲ့ ဘယ်နေရာဘယ်ရွာတွေမှာ ထောက်ပံ့လှူထားတဲ့ ဓာတ်ပုံတွေ ဘုရားဖြူစစ်ရှောင်စခန်းဖွင့်တဲ့ဟာတွေ ဆီဆိုင်မြို့နယ်အတွင်း ဓာတ်ပုံတွေ ယူသုံးပြီး သူတို့ PNO က ကူညီလုပ်ဆောင်ပေးတယ်ဆိုတဲ့ ပုံစံတွေလုပ်တယ် အဲတာကို ကျတော်အနေနဲ့ ကန့်ကွက်သေးတယ် မလုပ်ဖို့ နင်တို့တကယ်လဲ မကူညီဘဲနဲမယူသုံးနဲ အဲတာငါဖြူဖြူစင်စင်နဲ ကူညီထားတာ နင်တို့နဲ မဆိုင်ဘူး စစ်ရှောင်စခန်း တွေ စားရေးသောက်ရေး ကျန်းမားရေး နေထိုင်ရေးတွေကစ ကျတော်တို့ လုပ်တာတွေပဲရှိတယ် သူတို့က နိုင်ငံရေး ဝါဒဖြန့်ချိမှုတွေမှာ PNO က ကူညီလုပ်ဆောင်ပေးခဲ့ကြောင်းကို အသုံးချချင်တာမျိုးပေါ့ ဒါက PNO နဲ့ မဆိုင်ပါဘူး ကျတော်တို့က ကူညီတာအကျိုးအမြတ်ရစေဖို့စိတ်နဲ့ ကူညီထားတာမဟုတ်ဘူး PNO နဲ့ ဆန်းအောင် တင်မကဘူး တခြားလူတွေလဲ ယူသုံးကြတယ် အများကြီးပဲ သူတို့လုပ်ပေးနေတယ်ဆိုတဲ့ ပုံစံမျိုးပေါ့ ဒါက မကောင်းဘူးလေ သူတို့မလုပ်ပေးရတာကို သူများလုပ်တဲ့ပုံတွေယူတင်ပြီး သူတို့နာမည်တွေ ဝင်ယူသွားတယ် သူတို့အဖွဲ့ဂုဏ်သိက္ခာအတွက် ဝင်ယူသွားတယ် တကယ်ကသူတို့လုပ်ပေးတာတပြားမှမပါဘူးပေါ့လေ အဲတုန်းက သူတို့ PNO ကတောင် ကျတော်တို့လုပ်နေတာကို ထပ်မကူညီတော့ဖို့ စစ်ရှောင်လူဦးရေး ထပ်တိုး လက်မခံတော့ဖို့ လာပြောတာတွေတောင် ရှိတယ်” လို့ ခမ်းသားငေါဝ်းထံသို့ ပြောကြားထားပါသည်။
စစ်ရှောင်အသစ်များကို ထပ်မံ လက်မခံစေသည့်အကြောင်းကို ၂၀၂၂ ခုနှစ် မေလ ၂၄ ရက် မဲခေါင်သတင်းဌါန၏ ဖော်ပြချက်တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကရင်နီစစ်ဘေး ရှောင်များကို လက်မခံရန် PNO နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားကြောင်း ညောင်ရွှေမြို့နယ်၊ ထီရီကျေးရွာ၌ မေလ ၁၂ ရက်က စစ်တပ်နှင့် PNO အဖွဲ့ကို PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် PNO တပ်သားတို့ ကျဆုံးမှုရှိခဲ့ပြီးနောက် ကရင်နီပြည်မှ စစ်ဘေးရှောင်များကို လက်မခံရန် ညွှန်ကြားလာခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
မဲခေါင် သတင်းဌါန သတင်းလင့် – https://www.facebook.com/share/p/17zCgFYaTN/
ထို့အတူ ဆီဆိုင်ဒေသခံ အမျိုးသမီးတစ်ဦး၏ ပြောကြားချက်တွင် “ဆီဆိုင်ကို ရောက်ရှိတဲ့ ကရင်နီပြည်က စစ်ဘေးရှောင်တွေကို ကူညီခဲ့တာက PNO အဖွဲ့ချည်းပဲမဟုတ်ဘူး ဆီဆိုင်မြို့သူမြို့သားအားလုံးလည်းပါတယ် NLD ကိုထောက်ခံတဲ့သူတွေ “ပအမဖ” ကလွတ်တော်အမတ်တွေလည်းပါတယ် မြေပြင်မှာ အဓိကလှုပ်ရှားပေး သူတွေ ဘဏ္ဌာရေးရှာဖွေပေးသူတွေက PNO မဟုတ်ဘူး မပါဘူးလားဆိုတော့ ကော်မတီအဖွဲ့ဝင်မှာသာ ပါတာ လက်တွေ့မြေပြင်မှာ ဘယ်သူကဘာလုပ်ခဲ့လဲ ဘယ်လိုကူညီခဲ့လဲကာယကံရှင်တွေအသိဆုံး ခုမှ PNO ကပဲ ကူညီခဲ့သလိုလို နာမည်ကောင်းဝင်ယူပြီး တင်တာတွေ့တော့ စိတ်မကောင်းဘူးပေါ့နော် ဆီဆိုင်မှာ နောက်ထပ် အဓိကကူညီပေးတဲ့သူက ဆီဆိုင်ဆရာတော်နဲ့ ဦးဇင်းသုဝဏ္ဏပေါ့နော် ကော်မတီထဲတော့ မဝင်ဘူး သီးသန့်ကူညီ ပေးတယ် ပဲပုပ်ဘုရား၊ ဓမ္မာရုံနဲ့ ဇဝနာရာမစာသင်တိုက်တွေမှာ ထောင်ချီရှိတယ် ဒါကိုဆရာတော်ရဲ့သြဝါဒအရ ကူညီခဲ့တယ် ဒါတောင်မှ PNO လော်ဘီပေစ့်က ဆီဆိုင်မြို့ကို ဝင်ရောက်ဖျက်ဆီးဖို့ ပဒက်တွေကို ခွင့်ပြုပေးတဲ့ ထောက်ပို့အကြီးစားဆိုပြီး စွပ်စွဲရေးသားတာတွေ လုပ်ခဲ့သေးတယ်” လို့ ခမ်းသားငေါဝ်းသို့ ပြောကြား ထားပါသည်။
(၃) နှစ်နီပါးကြာလာသည့် ဓာတ်ပုံအဟောင်းကို အသုံးပြု၍ ဝါဒဖြန့်ချိမှုအပေါ် ကယားပြည်သူလူထုနှင့် ပအိုဝ်း ပြည်သူသူလူတို့အကြား လူမျိုးရေးအမုန်းပွားစေရန်နှင့် လက်ရှိမှာ PNO သည် စစ်ကောင်စီအတွက် ကယား (ကရင်နီ) တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ကူတိုက်ပေးနေသည့် အချိန် လည်းဖြစ်သည့်အတွက် အခုလိုဖြစ်ပွား နေသည့်အပေါ် PNO သည် ဆီဆိုင်မြို့နယ်မှာ စစ်ရှောင်လာတဲ့ ကရင်နီပြည်သူများကို ၄င်းတို့ ကူညီခဲ့ဖူးသည်ဆိုသည့် လွဲမှားသော သတင်းစကားနှင့် သူများ၏ဓာတ်ပုံများကို အလွဲသုံးစားပြုလုပ်ပြီး ကျေးဇူးရှင်သဖွယ် ပအိုဝ်းပြည်သူတို့အကြားကို ရည်ရွယ်ချက်ရှိရှိ လူမျိုးရေးအမုန်း ပွားစေရန် ပြုလုပ်နေခြင်း ဖြစ်နိုင်ကြောင်းကို တက်ကြွသည့် ပအိုဝ်းအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောထားပါသည်။
သုံးသပ်ချက်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် ကယားပြည်နယ်၏ အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွင် ဆီဆိုင်မြို့နယ်သို့ စစ်ဘေးတိမ်ရှောင်လာကြသည့် ကယားပြည်နယ် ပြည်သူများကို ပအိုဝ်းဒေသခံများနှင့် ရပ်နီးရပ်ဝေးအလှူရှင်များက လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီစောက်ရှောက်မှုများ ပြုလုပ်ခဲ့ကြ သည်မှာ သတင်းမှန် ဖြစ်ပါသည်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့၏ လော်ဘီဝါဒဖြန့်ချိမှုအတိုင်း ကယားပြည်နယ်ရှိ ပြည်သူများကို PNO က ကယ်ထားသည်မှာ တစ်စိပ်တပိုင်း မှားယွင်းသော သတင်းအမှားသာ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် PNO အဖွဲ့အစည်းသည် ပအိုဝ်းအမျိုးသားတစ်ရပ်လုံးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းမဟုတ် ကြောင်းနှင့် ပအိုဝ်းလူမျိုးတိုင်းသည် PNO ကို နှစ်သက်ထောက်ခံသူများ မဟုတ်ကြကြောင်း သိရှိထားဖို့ လိုပါသည်။
သတိပြုရန်
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းများကိုဝင်ရော က်ဖတ်ရှူ့ရန် အကြံပြု တိုက်တွန်းလိုပါသည်။ ထို့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားဖို့ ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) ၏ မက်ဆေ့ဘောက် သို့ ပေးပို့မေးမြန်းနိုင်ပါသည်။
#သတင်းတုသတင်းမှား
#factcheck