ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၂၂၊ ၂၀၂၄

ဟိုပုံးမြို့နယ် ဖာလုဲင်(ဖာလိုင်)ဘက်တွင် SSPP/SSA အတွက် ပြီးခဲ့သည့်လတွင် ဆိုင်ကယ်ဝယ်ရန် ဆက်ကြေးပေးရပြီး လက်ရှိကားဝယ်ရန် ဆက်ကြေးထပ်ပေးနေရကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု ဖာလုဲင်(ဖာလိုင်)ဘက်တွင် SSPP/SSA အဖွဲ့အား ပြီးခဲ့လက ဆိုင်ကယ်ဝယ်ရန် တစ်အိမ်တစ်သောင်းကျပ်ပေးဆောင်ရပြီး ယခုကားဝယ်ရန် အိမ်စီးကားရှိသည့်အိမ် တစ်သိန်းကျပ်၊ ကားကြီးရှိသည့်အိမ် သုံးသိန်းကျပ်၊ ထော်လာဂျီရှိသည့်အိမ် ငါးသောင်းကျပ်၊ ကားမရှိသည့်အိမ် သုံးသောင်းကျပ် ပေးဆောင်နေရသည်။

“ဖာလုဲင်(ဖာလိုင်)မှာ ခလရ ၂၉၄ ဗမာစစ်တပ်ရှိတယ် ဒါမဲ့လည်းရွာတွေမှာ ကောက်တော့ ထည့်ပေးရတာပဲ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဖာလုဲင်(ဖာလိုင်) အရှေ့မြောက်ဘက် နမ်းဗောလုံ၊ ဝန်းမွောရွာ အရှေ့ဘက်တွင် SSPP/SSA နှင့် “ဝ”တပ်ဖွဲ့များ တပ်စွဲးထားကြောင်း ကျောက်တန်းအနီး ယခင်က PNO ဗိုလ်မူးကေပေးတို့ ကွန်မန်ဒိုတပ်ဖွဲ့ တပ်စွဲးထားသည့် နေရာတို့တွင်လည်း SSPP/SSA ကတပ်စွဲးထားကြောင်း၎င်းကဆက်ပြောသည်။

လက်ရှိတွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့သည် ဟိုပုံးမြို့နယ်၊ ရပ်စောက်မြိုနယ်တို့တွင် ပျံ့နှံ့စွာနေရာယူထားကြောင်း သိရသည်။

PPV001
#လူ့အခွင့်အရေး
#ဟိုပုံး
#မိုင်းပျဉ်းကျေးရွာအုပ်စု
#ဖာလုဲင်
#ဖာလိုင်
#SSPP/SSA
#ဆိုင်ကယ်ဝယ်ရန်
#ကားဝယ်ရန်