ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၂၊၂၀၂၄
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ အောင်သပြေဂူကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို KNDF နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ ၀င်ရောက်တိုက်ခိုက်ပြီး ဗိုလ်အဆင့် အပါအ၀င် ၁၁ ဦးသေဆုံး ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၈ ရက်၊ မနက် ၆ နာရီခန့်တွင် စတင်ပြီး (KNDF) ဗျူဟာအမှတ် -၂ ၊ KNDF တပ်ရင်းအမှတ်- ၂၊ KNDF တပ်ရင်းအမှတ် -၁၄၊ KNDF UAV နှင့် Loikaw PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူအပါ စစ်သုံ့ပန်း လေးဦးနှင့် လက်နက်မျိုးစုံ ၁၂ လက် သိမ်းဆည်းရရှိပါတယ်။
စစ်ကောင်စီဘက်က နှစ်ပွင့်ဗိုလ် တစ်ဦး၊ တပ်ကြပ် တစ်ဦး၊ တပ်သား ကိုးဦး သေဆုံးကာ MA-1 ခုနှစ်လက်၊ MA-11 လေးလက်နဲ့ MA-3 တစ်လက် စုစုပေါင်း ၁၂ လက်သိမ်းဆည်းရရှိခဲ့သည်ဟုပြောဆိုထားသည်။
တိုက်ပွဲအတွင်း KNDF ရဲဘော်တစ်ဦး လက်မောင်းရှပ်ထိ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အကျဆုံးများခြင်းကြောင့် ဒရုန်းအပါအ၀င် လက်နက်ကြီးအများအပြားနှင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟုသိရသည်။
ကရင်နီပြည်နယ်တွင် စစ်ကောင်စီက လွိုင်ကော်မြို့မှတဆင့်အခြားနေရာဒေသများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လျက်ရှိနေပြီး ပြည်သူလူထုအနေဖြင့် အခြေအနေအား အမြဲမပြတ်နားစွင့်ထားရန် (KNDF) က သတိပေးထုတ်ပြန်ထားသည်။
#ppv002
#အောင်သပြေဂူစခန်း
#စစ်ကောင်စီ၁၁ဦးကျ
#သုံ့ပန်းလေးဦး
#KNDF
#တိုက်ပွဲ
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။