ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၁၊ ၂၀၂၄

စစ်အာဏာရှင်စနစ်ကို တောင်တန်း၊မြေပြန့် သားများအတူလက်တွဲ အမြစ်ပြတ်တိုက်ထုတ်ရန်အရေးကြီးလိုအပ်နေကြောင်း “ဝ”ပြည်သွေးစည်းရေးပါတီ UWSP ကို အမျိုးသားညိီညှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးငှာန ကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးငှာနမှ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တည်ထောင်ခြင်း (၃၆) နှစ်ပြည့်အထိန်းအမှတ်သို့ သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ သည် အခက်အခဲ ၊ စိန်ခေါ်မှုများစွာကို နှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ရပြီး ယနေ့ခေတ်တွင် အောင်မြင်မှုအသီးအပွင့်များ ရရှိလျက်ရှိကာ ပြည်ထောင်စုအတွင်းရှိ ကျန်လူမျိုးများ အားကျရသည့် စံပြပြည်နယ်တစ်ခု လက်တွေ့ထူထောင်နိုင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်း NUG ကာကွယ်ရေးဝန်ကြီးငှာန က ဆိုသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ဝ လူမျိုးတို့သည်လည်း ခက်ခဲကြမ်းတမ်းသည့် အတိတ်သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ရသလို ယနေ့ကာလတွင် မြန်မာနိုင်ငံ၏ တခြားသောနေရာဒေသများ၌ လူမျိုးစု အသီးသီးသည် စစ်အာဏာရှင်စနစ်၏ အကြမ်းဖက်ဖိနှိပ်မှုများကို ရင်ဆိုင်နေရကြောင်း ပြောဆိုခဲ့သည်။

တနိုင်ငံလုံး အတိုင်းအတာ ထာဝရငြိမ်းချမ်းရေးရရှိပြီး ဖွံဖြိုးတိုးတက်မှု၊ အေးချမ်းတည်ငြိမ်မှု ရေရှည်တည်တန့်အောင် ထိန်းသိမ်းရေးမှာ စစ်အာဏာရှင် စနစ်ကို တောင်တန်း၊ မြေပြန့်သားများ အတူလက်တွဲ အမြစ်ပြတ် တိုက်ထုတ်ရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးငှာန ကဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာစေရေးနှင့် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးငှာနအနေဖြင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ဝလူမျိုးတို့ နှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုထားသည်။

ဝ ပြည်အတွင်းနေထိုင်နေလျက်ရှိသော ဝ လူမျိူးများအပါအဝင်၊ လူမျိုးပေါင်းစုံ၏ အေးချမ်းသာယာမှု၊ဖွံ့ဖြိုးတိုးတက်မှု ကိုလက်တွေ့ဖော်ဆောင်နေလျက်ရှိသည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ထူထောင်ခြင်း ၃၆ နှစ်ပြည့်သို့ သဝဏ်လွာပေးပို့ရသည့်အတွက် ဝမ်းမြောက်ဂူဏ်ယူပါကြောင်း NUG ကာကွယ်ရေးဝန်ကြီးငှာနက ဆိုသည်။

#PPV 003
#နိုင်ငံရေး
#ဝ
#UWSP
#NUG

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed