ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၁၊၂၀၂၄
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုဌာန၊ ဗျူဟာ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ အားလုံး ခရစ္စမတ်ပွဲနှင့် နှစ်သစ်ကူးပွဲများတွင် သေနတ်ပစ်ဖောက်ခြင်း လုံးဝမပြုလုပ်ကြရန် KNDF ဥက္ကဌ ခွန်းဘီထူးက ဒီဇင်ဘာ (၁၈) နေ့တွင် အမိန့်ညွန်ကြားချက်ထုတ်ပြန်ခဲ့သည်။
အများပြည်သူများလှူဒါန်းသည့် ကျည်ဆံများကို စစ်ရေးအတွက် အဓိက အသုံးပြုကြရန်နှင့် ပစ်ခတ်ဖြုန်းတီးခြင်း မပြုလုပ်ကြရန် ညွန်ကြားထားသည်။
” ဒါကဖြစ်သင့်ပါတယ်၊ အားလုံးလိုက်နာသင့်တဲ့အရာပါ၊ ပျော်ပွဲရွင်ပွဲအတွက် ကျည်ဆံမဖြုန်းသင့်ပါဘူး၊ တကယ်လိုအပ်တဲ့စစ်မြေပြင်မှာသာသုံးရမှာပါ၊ ကျည်တစ်ထောင့်တိုင်းတန်ဖိုးရှိပါတယ်” ဟု KNDF ရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
အဆိုပါ အမိန့်ညွန်ကြားစာပါ အချက်အလက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူခြင်းခံရမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ကယန်းနှစ်သစ်ကူးပွဲနေ့တွင်လည်း တပ်ရင်းတပ်ဖွဲ့အချို့က သေနတ်ပစ်ဖောက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
#PPV 003
#KNDF
#စစ်ရေးစည်းကမ်း
#နှစ်သစ်ကူး
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။