ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၀၊ ၂၀၂၄
ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့အနီးတစ်ဝိုက်တွင်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ အင်အားများဆက်တိုက်ဖြည့်တင်းနေကြောင်း တော်လှန်ရေးတပ်သားတစ်ဦးထံမှသိရသည်။
စစ်ကောင်စီဖက်မှ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်မြို့တို့တွင် အင်အားဆက်တိုက်ဖြည့်တင်းနေသည်။
” မိုးဗြဲ ဖက်တော့ထိတွေ့တိုက်ပွဲ နေ့တိုင်းနီးပါးဖြစ်ပွားနေတယ်၊ စစ်တပ်ဖက်က အင်အားတွေဆက်တိုက်ဖြည့်ပြီး စစ်ကြောင်းတွေထိုးနေတယ်” ဟု တော်လှန်ရေးတပ်သားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေပြီး အင်အားအမြောက်အများဖြည့်တင်းကာ စစ်ကြောင်းထိုးနေကြောင်းသိရသည်။
” သူတို့ က မိုးဗြဲ ကိုပြန်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာ၊ မိုးဗြဲ နားရှိတဲ့ရွာတွေထဲကို နေ့တိုင်းလက်နက် ကြီးနဲ့ ပစ်တယ်၊ စစ်ကြောင်းထိုးလာတာတွေရှိတယ်” ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီသည် ဖယ်ခုံ မြို့ကိုထိန်းချုပ်ထားပြီး ပြည်သူများ ပြန်လည်နေထိုင်နိုင်ပြီဟုဆိုထားသလို လွိုင်ကော်မြို့တွင်လည်း ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး လျှပ်စစ်မီးများပြန်ရပြီဖြစ်ပြီ ဒေသခံအချို့ပြန်လည်နေထိုင်ကြကြောင်းသိရသည်။
ထို့ငို့နေရပ်ပြန်နေထိုင်သည့်ဒေသခံများကို စစ်ကောင်စီက စစ်မှုထမ်း ရန်အတင်းခေါ်ယူနေကြောင်းလည်းသိရသည်။
photo credit
#PPV 003
#တိုက်ပွဲများ
#မိုးဗွဲ
#စစ်ကောင်စီ
#အင်အားဖြည့်
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။