ခမ်းသားငေါဝ်း
ဒီဇင်ဘာလ ၁၉၊ ၂၀၂၄
TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုးကုတ် မြို့တွင်မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်သူ (၃၀၀) ဦးကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
မိုးကုတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလ (၁၉)ရက်နေ့အတွင်းTNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ စတင်ဆောင်ရွက်ကာ မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်သူအများအပြား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း TNLA က ယနေ့တွင်ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသည့်အထဲတွင် ယခင်စစ်ကောင်စီထိန်းချုပ်စဥ်ကာလက ၎င်းတို့အား ညီနောင်မဟာမိတ်များ၏ သတင်းအချက်အလက်များရယူပေးပို့ရန် မူးယစ်ဆေးဝါးများပေးပြီး ရောင်းဝယ်သုံးစွဲခွင့်ပြုထားသူအများအပြားပါဝင်ကြောင်းဆို သည်။
မိုးကုတ်မြို့ကို PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထိုနယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် သုံးစွဲသူများအား လိုက်လံဖမ်းဆီးခဲ့ကာ (၃၀၀)ဦးအထိ ဖမ်းဆီးနိုင်ခဲ့ကြောင်းပြောဆိုထားသည်။
ဖမ်းဆီးခံရမိ မူးယစ်ဆေးဝါးသုံးစွဲသူများအား အကျင့်စာရိတ္တပြုပြင်ရေးကျောင်းတွင်ပို့ဆောင်ကာ ၎င်းတို့အား ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုသိရသည်။
#ppv002
#မူးယစ်ဆေးဝါး
#မိုးကုတ်
#TNLA
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။